Thursday, September 06, 2012

ထိုင်းဝန်ကြီးချုပ်ဟောင်း သက် ဆင် နိုဝင်ဘာတွင် မြန်မာသို့လာမည်

Posted by drmyochit Thursday, September 06, 2012, under | No comments



 
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာ ဝပ်ထရာ သည် နိုဝင်ဘာ လတွင် မြန်မာနိုင်ငံ သို့ ရောက်ရှိ လိမ့်မည်ဟု ဖြူထိုင်းပါတီ၏ နတ်ကွမ်ရတ်ချစီ မာဒေသ လွှတ်တော်ကိုယ်စားလှယ် Mr. Pinyo ကသြဂုတ်လ ၂၆ ရက်က ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။ ဘန်ကောက်ပို့စ်သတင်းစာတွင် Mr. Pinyo က ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ သည် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ သို့ ရောက် ရှိ နေမည်ဖြစ်သည်ဟု ပြောကြားခဲ့ သော်လည်း မည်သည့်ရည်ရွယ်ချက် ဖြင့် မြန်မာနိုင်ငံသို့ သက်ဆင် လာ ရောက်မည် ကိုမူ ရှင်းလင်းပြောဆို ခြင်းမရှိခဲ့ပေ။ Mr. Pinyo ကမြန်မာနိုင်ငံသို့ သက်ဆင်ရောက် ရှိနေမည့်အချိန်တွင်ဖြူထိုင်းပါတီလွှတ်တော်ကိုယ်စား လှယ်များနှင့် သက်ဆင်ထောက်ခံ အားပေးသူ ရှပ်နီအများအပြားက တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ် စေ မြန်မာနိုင်ငံသို့ သွားရောက်ကာ သက်ဆင်နှင့် တွေ့ဆုံကြလိမ့်မည် ဟု မျှော်လင့်ထားကြောင်း ဆိုသည်။ သက်ဆင်သည် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့ လာ ရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ သမ္မတဦးသိန်းစိန်တို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင် သည် ၂ဝဝ၆ ခုနှစ် စက်တင်ဘာ လတွင် အမေရိကန်နိုင်ငံ နယူး ယောက်မြို့သို့ ရောက်ရှိနေစဉ် စစ် တပ်မှ အာဏာသိမ်းပြီး သည့် အချိန် မှစ၍ ပြည်ပနိုင်ငံများတွင်သာ လှည့် လည်နေထိုင်ခဲ့ရပြီး အများအားဖြင့် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တော်တွင် နေထိုင်ခဲ့သည်ဟု သိရသည်။ ထို့အတူ သက်ဆင်၏ ညီမ ဖြစ်သူ လက်ရှိဝန်ကြီးချုပ် မစ္စယင် လပ်ရှင်နာဝပ်ထရာသည် စက်တင် ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ အထိ မြန်မာနိုင်ငံသို့ လာရောက် ရန် သတ်မှတ်ထားေ သ်ာလည်း မြန်မာအစိုးရ ဘက်မှ အကြောင်းပြန် ကြားအတည်ပြုခြင်း မရှိသဖြင့် စက် တင်ဘာလ ၁၉ ရက်နေ့မှ ၂၁ ရက် နေ့အထိသို့ ပြောင်းရွှေ့သတ်မှတ် ခဲ့ရကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆူမရာပေါင်က ထုတ်ဖော် ပြောဆိုခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်