Thursday, September 06, 2012

FBI ကွန်ပျုတာ ထဲ မှာ Apple သုံးစွဲ သူ တို့  ၏ ID သန်း ကျော် ကို ဟက်ကာ တွေ ရရှိ

Posted by drmyochit Thursday, September 06, 2012, under | No comments

 
Anti Sec နှင့် Anonymous အုပ်စု များ မှ FBI ကွန်ပျုတာ များ တွင် မွှေနှောက် ရာ Apple ထုတ်ကုန် များ ဖြစ်သည့် iPhone ၊ iPad , iPod နှင့် iTunes တို့  ကို အသုံး ပြု သည့် လှို့ ဝှက် စာ ဖြစ်သည့် Apple ID ၁၂ သန်း ကို ရရှိ ခဲ့ ပြီး ပထမ တစ်သန်း ကို ယနေ့  ထုတ် ပြန်သည်။ FBI က ဟက်ကာ များ သည် ၎င်း တို့  ၏ ကွန် ပျုတာ အတွင်း သို့  ၀င်ရောက် ခဲ့ သည့် ခြေရာလက် ရာ တစ်စုံ တစ်ရာ မရှိ ဘဲ အခြေ အမြစ် မရှိ လျှောက် ပြောနေသည် ဟု ဆိုသည်။ ၎င်း တို့  ၏ ဧဂျင့် လပ်တောပ် ထဲ မှာ ဒေတာ ၁၂ သန်း ကျော် ကို ဟက်ကာတို့  ရရှိ ခဲ့ သည် ဆိုခြင်း နှင့် ပတ်သက် ပြီး FBI က မည်သည့် Apple ID မျှ  ရယူ ထား ခြင်း မရှိ ဟု ငြင်း ဆို ခဲ့ သည်။ Operation Anti-Security သည် အစိုးရ များ ၏ တရား မ၀င် စုံ စမ်း ထောက် လှမ်း သတင်း ရယူ မှု များ ကို ၂၀၁၀ ခု နှစ် မှ စတင် ဖော် ထုတ် ခဲ့ သည်။ Anti Sec သည် Anonymous လှုပ်ရှား မှု ၏ အစိတ် အပိုင်း ဖြစ်သည်။ Apple ကွန်ပျုတာ ကုမ္ပဏီ က မူ ထို သတင်း နှင့် ပတ်သက် ပြီး တစ်စုံ တစ်ရာ မှတ် ချက် ပေးပြော ဆို ခြင်း မရှိ သးချေ။ ဟက်ကာ များ မှ ပထမ အသုတ်  ထုတ်ပြန်ထား သည့် Apple ID စာရင်း တစ်သန်း အနက် အချို့ ကို ကြည့် ရှု ရ နိုင်သည့် ဆိုတ် များ ကို မကြာခင် ဆက်လက် ဖော်ပြ ပေး ပါမည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်