Thursday, September 13, 2012

ကချင်လူထု၏ အသံများ

Posted by drmyochit Thursday, September 13, 2012, under | No comments


KIAသောင်ကျန်းသူ အဖွဲ့သည် အကြမ်းဖက်အဖွဲ့အစည်းပီပီ ကချင်ပြည်နယ် အတွင်း အဖျက် လုပ်ငန်း များကို ပိုမို တိုးမြှင့်ဆောင်ရွက်လျက်ရှိခြင်းကြောင့် အပြစ်မဲ့ ကချင်ပြည်သူ များ သေဆုံးဒဏ်ရာရခြင်း၊ လမ်း ၊ တံ တားများ ပျက်စီးပြီး သွားလာ ရေးခက်ခဲ သဖြင့် ကုန်ဈေးနှုန်းကြီးမြင့်ကာ စားဝတ်နေရေး ကြပ် တည်းခြင်း စသည့် ဒုက္ခများကို ပြည်သူများ ကြီးမားစွာ ကြုံတွေ့နေရသည်။ 

KIA သောင်းကျန်းသူများသည် ပကတိအခြေအနေမှန်များကို ဖုံးကွယ်လျက် စစ်တပ်အပေါ် အပုပ် ချပြောဆိုနေခြင်းအား ကချင်တိုင်းရင်းသားများမှ ကျေနပ်မှုမရှိခြင်းကြောင့်လည်းကောင်း၊ KIA ၏ လုပ်ရပ် များကို ကချင်လူထုအနေဖြင့် သည်း ခံနိုင်ခြင်းမရှိတော့သည့်အတွက်ကြောင့်လည်းကောင်း ကချင်ပြည်နယ် အတွင်းမှ ဖြစ်စဉ်ဖြစ်ရပ်များကို ကချင်သတင်းဌာနသို့ အဆက် မပြတ် ထပ်မံပေးပို့လျက်ရှိကြသည်။
 
စက်တင်ဘာလ ၅ ရက်နေ့ နေ့လယ် ၁ နာရီခွဲချိန်ခန့်တွင် ဖားကန့်မြို့နယ်၊ မှော်ဝမ်းရပ်ကွက်နေသူ အဘ ဦးလ ဘော့မ်ဂမ်၏သား မောင်နော်ကျန်းသည် လယ်ယာလုပ်ငန်းခွင်သို့သွားရောက်စဉ် ဖားကန့်မြို့ နယ်၊ အေးမြသာယာအုပ်စု ရှရော် ခကျေးရွာအနီးတွင် KIA တို့ထောင်ထားသော နင်းမိုင်း ၁ လုံးနင်းမိပေါက် ကွဲသည်။ မိုင်းပေါက်ကွဲမှုကြောင့် မောင်နော်ကျန်း၏ လည်ပင်းနဲ့ဦးခေါင်းတို့တွင် ပြင်းထန် စွာဒဏ်ရာများ ရရှိ ကာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

၎င်းနေ့ နေ့လယ် ၃ နာရီချိန်ခန့်တွင် ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ဘုန်းကြီးမှော်ကျေး ရွာတွင် နေထိုင်သူ အဘ ဦးဒေါင်ဟောင်း၏သား မောင်စည်သူဖြိုးသည် ဆိုင်ကယ်ဖြင့် တာမခန်ကျေးရွာ သို့သွားရောက်စဉ် ဟောင်ပါးကျေးရွာ သင်္ချိုင်းကုန်းအနီး KIA တို့ထောင်ထားသည့် မိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့သည်။ မိုင်းပေါက်ကွဲမှု ကြောင့် မောင်စည်သူဖြိုး၏ ခြေသလုံး၊ လက်မောင်း စသည့်နေရာ များတွင် ဒဏ်ရာများပြင်းထန်စွာ ရရှိခဲ့သည်။
KIA သောင်းကျန်းသူတို့သည် စက်တင်ဘာလ ၆ ရက်နေ့ည ၇ နာရီချိန်ခန့်တွင် မော်ဟန်နှင့် မိုးညှင်း ဘူတာကြားရှိ ရထားလမ်းတံတားအမှတ် ၅၅၅ ကို မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် ရထားသံလမ်း ၄ ပေ ခန့် ပြတ်တောက်သွားခဲ့ရသည်။
 
စက်တင်ဘာလ ၈ ရက်နေ့ည ၈ နာရီချိန်ခန့်တွင် ဟိုပင်မြို့ မီးရထားဘူတာ၏ မြောက်ဘက် ကိုက် ၁၅၀ ခန့်အကွာ ကုန်သွယ်လယ်ယာ စပါးဂိုဒေါင်ဟောင်းတွင် KIA တို့ လာရောက်မိုင်းထောင်ဖောက်ခွဲခဲ့ သဖြင့် စပါးဂိုဒေါင် ပျက်စီးခဲ့ရသည်။
စက်တင်ဘာလ ၉ ရက်နေ့ည ၉ နာရီချိန်ခန့်တွင် မိုးညှင်းမြို့နယ်၊ နမ်းမားကျေးရွာနှင့် နမ့်ခန်းကျေး ရွာကြား သံဘောင် ဘေလီ ရထားလမ်းတံတားအမှတ် ၆၀၉ အား KIA တို့မှ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် တံတားပျက်စီးခဲ့ရသည်။
 
KIA သောင်းကျန်းသူအဖွဲ့သည် ၂၀၁၁ ခုနှစ် ဇွန်လမှ စ၍ ရထားလမ်း မိုင်းထောင်ဖောက်ခွဲမှု များကို ဆောင်ရွက်ခဲ့ရာ နန့်စီးအောင်-မြစ်ကြီးနား မီးရထားလမ်းတွင် မိုင်းခွဲမှုအကြိမ်ပေါင်း ၆၀ ခန့်ရှိပြီဟု လည်းသိရသည်။ မီးရထားဝန်ထမ်းများက ပြုပြင် လိုက် KIA ကဖျက်ဆီးလိုက်ဖြစ်နေသည် ဟု ဒေသခံများ က ပြောကြသည်။

KIA တို့၏လုပ်ရပ်များကြောင့် ကချင်ပြည်နယ်အတွင်း နေထိုင်သော တိုင်းရင်းသားပြည်သူ များအနေဖြင့် စားဝတ် နေရေးဒုက္ခများ နိစ္စဓူဝခံစားနေရသည့်အတွက် နီးစပ်ရာရွာသားများပူးပေါင်းပြီး KIA အဖွဲ့ကို တစ်နိုင်တစ်ပိုင် တိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိပြီဖြစ်သလို စစ်တပ်အားလည်း KIA အဖွဲ့များကို မဖြစ်မနေထိုးစစ်ဆင် တိုက်ခိုက်စေရန် လိုလားလျက်ရှိကြောင်း သတင်းများပေးပို့လာပါသည်။
From -ကချင်နေ့စဉ်သတင်း 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်