Thursday, September 13, 2012

ရိုဟင်ဂျာ ပြဿနာ ဆုံးခန်းတိုင်ဖို့ ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံကြရန် ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

Posted by drmyochit Thursday, September 13, 2012, under | No comments


 
(The Daily Star Newsမှ 12Sept 2012ရက်စွဲပါ “Invest in Rakhine state to end Roheingya crisis”သတင်းကို ဘာသာပြန်ဆိုသည်)
ဘင်္ဂလားဒေ့ရှ် အစိုးရ အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား အသက်မွေးဝမ်းကျောင်း အလုပ် အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးဖို့ ရင်းနှီးမြှုပ်နှံကြရန် နှင့် သို့မှသာ ရိုဟင်ဂျာတို့၏ ဒုက္ခများ ထာဝစဉ်အဆုံးသတ်သွားမည် ဖြစ်ကြောင်းမနေ့က တိုက်တွန်းပြောကြားသည်။ ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွက်လည်း  ရိုဟင် ဂျာများ ထပ်မံစီးဝင်လာမှုမှ သက်သာရာ ရစေလိမ့်မည်ဟု ဆိုသည်။

ရိုဟင်ဂျာပြဿနာအပေါ် ရေရှည်ခံ လူသားချင်းစာနာမှု အဖြေထွက်လာရေးအတွက် ဘင်္ဂလားဒေ့ရှ် ၏ထင် မြင်ယူ ဆချက်များကို မေးမြန်မးခဲ့သော အမေရိကန်နိုင်ငံခြားရေး ဌာနအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ထိုသို့ အကြံပြုခဲ့ခြင်းဖြစ်သည်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည်  ဗုဒ္ဓဘာသာရခိုင်နှင့် မွတ်စလင် ရိုဟင်ဂျာတို့နေထိုင်ကြသော ရခိုင်ပြည်နယ်မှ ဒုက္ခ သည် စခန်းများသို့ ၃ရက် ကြာ သွားရောက်ကြည့်ရှုခဲ့ပြီး နောက်ဒက္ကားသို့မနေ့က ရောက်ရှိ လာခဲ့သည်။
၎င်းကိုယ်စားလှယ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူများနှင့် မနေ့က မွန်းလွဲပိုင်း တွင်တွေ့ဆုံခဲ့သည်။ ထိုအ စည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက ဒက္ကားသည် နေပြည်တော်နှင့် အပြန်အလှန် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ကာ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကာ လက်ကျန် ရိုဟင်ဂျာများကို မြန်မာနိုင်ငံသို့ ပြန်ပို့လိုကြောင်း ထပ်မံပြော ဆိုခဲ့သည်။
ကော့ဘဇားခရိုင်ရှိ ဒုက္ခသည် စခန်းများမှ အန်ဂျီအို လုပ်ငန်းများအပေါ် ထားရှိသော ဘင်္ဂလားဒေ့ရှ်၏ မူဝါဒကို အမေရိ ကန် ကိုယ်စားလှယ်အဖွဲ့က မေမြန်းသောအခါ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက “ခိုအာပါရာနှင့် ကူတူပါလွန် ဒုက္ခသည် စခန်းများမှ နိုင်ငံတကာ အန်ဂျီအို အဖွဲ့သုံးဖွဲ့သည် သူတို့၏ လုပ် ပိုင်ခွင့်ထက် ကျော်လွန်လုပ်ဆောင် နေခြင်းကြောင့် စီမံချက်ကာလ သက်တမ်း တိုးခြင်းကို ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်”ဟု ပြန်ကြားပြောဆိုသည်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွင် ဗဟိုအာရှနှင့် တောင်အာရှရေးရာ ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Alyssa Ayers ၊ အရှေ့တောင် အာ ရှနှင့် ပစိဖိတ်ရေးရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun၊ လူဦးရေ၊ ဒုက္ခသည်နှင့် ရွှေ့ပြောင်းမှုဆိုင်ရာ ဗျူရို ဒုလက်ထောက် နိုင်ငံခြား ရေး ဝန် ကြီး Kelly Clements၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ ဗျူရို ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး  Daniel Baerတို့ ပါဝင်လိုက်ပါ ကြ သည်။
ဒက္ကားမြို့သံရုံးမှ အမေရိကန် သံအမတ်ကြီး Dan Mozenaလည်း အစည်းအဝေးသို့ ပါဝင်တက်ရောက် ခဲ့ကြသည်။ အမေရိကန် အဆင့်မြင့် ကိုယ် စားလှယ် အဖွဲ့သည် ကုလသမဂ္ဂ တာဝန်ရှိသူများ အပါအဝင် ဒက္ကားမြို့ သံတမန် အသိုင်း အဝိုင်းနှင့်လည်း တိုင်ပင်ညှိနှိုင်း ကြမည်ဖြစ်ပြီး ကော့ဘဇားနှင့် တက်ကနပ်သို့ ယနေ့သွားရောက် ကြည့်ရှုကြမည်ဟု သိရှိရသည်။
 From - Transparency myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်