Thursday, September 13, 2012

လစ်ဗျားနိုင်ငံရှိ အမေရိကန် သံအမတ်ကြီး တိုက်ခိုက်ခံရ၍ သေဆုံး

Posted by drmyochit Thursday, September 13, 2012, under | No comments



From : planet
လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့တွင် ဖြစ်ပွားသော သူပုန်များ၏ တိုက်ခိုက်မှုအတွင်း လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ခရစ္စ တိုဖာ စတီဗင်နှင့် သံရုံးဝန်ထမ်း ၃ ဦးသေဆုံးသွားကြောင်း Reuters သတင်းက ပြောကြားသည်။ ခရစ္စတိုဖာနှင့် သံရုံးဝန်ထမ်း ၃ ဦးသည် ဘန်ဂါဇီမြို့တွင် အစိုးရစစ်တပ်နှင့် သူပုန်များကြား ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်း ဖြစ်သည်။ သူ ပုန်များက ဘန်ဂါဇီမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးအား ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမေရိကန်သံအမတ်နှင့် ဝန် ထမ်း ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်