Thursday, September 13, 2012

လုပ်သက် ၁၅ နှစ်ကျော် ဆရာ၊ ဆရာမများ ရာထူးတစ်ဆင့်နှင့် လစာများ တိုးမြှင့်ပေးမည်

Posted by drmyochit Thursday, September 13, 2012, under | No comments




From : ခေတ်လူငယ်

လုပ်သက် ၁၅ နှစ်မှ နှစ် ၂၀ အတွင်းရှိ ဆရာ၊ ဆရာမများအား တစ်ဆင့်မြင့် ရာထူးများနှင့် လစာများ တိုးမြှင့်ပေးသွား မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူက ပြောသည်။ “ရာထူးတိုးမြှင့်ခံရတဲ့ ဆရာ၊ ဆရာမတွေ ကို မူရင်း လစာနှုန်းထားအပေါ် ကျပ် ၆၀၀၀ လောက်အထိ ထပ်ပြီးတိုးမြှင့်ပေးမယ်။ ဒီပမာဏက နိုင်ငံတော်က သတ် မှတ်ပြဋ္ဌာန်းထားတဲ့ အတိုင်းပါပဲ” ဟု ဒုတိယဝန်ကြီးက ပြောသည်။ ယင်းသို့ တိုးမြှင့်ပေးရာတွင် ၂၀၁၂ မတ် ၃၁ ရက်တွင် သက် ၂၀ ပြည့်ပြီးသော မူလတန်းပြဆရာ၊ ဆရာမများအား ပြီးခဲ့သည့် သြဂုတ် ၁၇ ရက်မှ စတင်၍ အလယ်တန်းပြဆရာ၊ ဆရာမများအဖြစ် လည်းကောင်း၊ လုပ်သက် အနည်းဆုံး ၁၅ နှစ်မှ နှစ် ၂၀ အတွင်းရှိ မူလတန်းပြဆရာ၊ ဆရာမများအား ယခုလအတွင်းတွင် လည်းကောင်း၊ မူလတန်းကျောင်းအုပ်များအား ပညာရှင်အဆင့်-၂ အဖြစ်လည်းကောင်း၊ အလယ်တန်း ကျောင်းအုပ် (ပညာရှင်အဆင့်-၃) အား (ပညာရှင်အဆင့်-၄) အဖြစ်လည်းကောင်း တိုးမြှင့်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် တိုင်း/ပြည်နယ် ပညာရေးမှူးများအား ညွှန်ကြားရေးမှူးအဆင့် လစာခံစားခွင့်၊ ခရိုင်ပညာရေးမှူးများအား ဒုတိယညွှန်ကြားရေးမှူးအဆင့် လစာ ခံစားခွင့်၊ မြို့နယ်ပညာရေးမှူးများအား လက်ထောက် ညွှန်ကြားရေးမှူးအဆင့် လစာခံစားခွင့်များ တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ “ပညာသင်ကြားရင်းနဲ့ စိတ်ဓါတ် အင်အားတွေ တိုးမြှင့်လာစေဖို့အတွက် ရည်ရွယ်ပြီး ဒီစီမံကိန်းကို လုပ် ဆောင်တာ ဖြစ်ပါတယ်။ လေးနှစ်အတွင်းမှာ မူလတန်းပြဆရာ၊ ဆရာမ ၆၀၀၀၀ ကို တိုးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဒုတိ ယဝန်ကြီးက ဆိုသည်။ ယင်းနှင့် ပတ်သက်၍ လသာမြို့နယ် အထက်တန်းပြ ဆရာမတစ်ဦးက “ဒီကိစ္စက လုပ်သင့်တဲ့ကိစ္စပါ။ အရည်အချင်းရှိတဲ့ ဆရာ၊ ဆရာမတွေလဲ ပိုပြီးထွက်ပေါ်လာနိုင်တယ်။ ပိုပြီးတော့ ကြိုးစားချင်စိတ် ရှိလာကြလိမ့်မယ်လို့ ထင်ပါ တယ်” ဟု ပြောသည်။ အဆိုပါ ရာထူးတိုးမြှင့်ပေးခြင်းများကြောင့် ပညာရေးဝန်ကြီးဌာန အနေဖြင့် ဘတ်ဂျက်ငွေ တစ်လလျှင် ၂၃၀၄ ဒသမ ၈၅၄ ဘီလီယံနှင့် တစ်နှစ်လျှင် ၂၇၇၇၈ ဒသမ ၂၄၈ ဘီလီယံကို အကုန်အကျခံ အသုံးပြုသွားမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်