Friday, October 05, 2012

ဖါးကန့် စီးပွားရေး ပေါ်လစီ အမှား၏ နောက်ဆက်တွဲ ဆိုးကျိုးများ

Posted by drmyochit Friday, October 05, 2012, under | No comments


ယမန် နေ့ည (၁၀) နာရီ ခန့်တွင် ကချင်ပြည်နယ် ဖါးကန့်မြို့၌ မြေပြိုမှုကြောင့် လူနေအိမ်ခြေ (၈၂) လုံး မြေ ပိပြီး ပျက်စီး ခဲ့ရ သည်ဟု ဒေသခံများက ဆိုပါသည်။

“ အဲဒီ နေရာက အရင်တုန်းက ကျောက်စိမ်း ကုမ္မဏီတွေ မြေဇာပုံထားတဲ့ နေရာဖြစ်တယ်။ မိုးကကြီးတော့ ရေက လျှံပြီး ရေတိုက်စားမှုကြောင့် မြိုတာပေါ့။ အထိအခိုက်တော့ တချို့ရှိလိမ့်မယ် ကျနော်တော့ မသိ ရသေးဘူး” ဟုဆိုပါသည်။
အိမ်ခြေမဲ့ သွားသော ဒုက္ခသည် များသည် နီးစပ်ရာ ဘုန်းတော်ကြီး ကျောင်းများ၊ အသင်းတော် ကျောင်း များတွင် ခိုလုံ နေရပါသည်။ သက်ဆိုင်ရာ အာဏာပိုင်များက လာရောက် ကူညီခြင်း မရှိသည့် အပြင် တာဝန်ရှိ ကုမ္မဏီများ ကလည်း လာရောက် ကူညီပေးမှုများ မရှိသောကြောင့် အကူအညီများ လိုအပ်လျှက် ရှိပါသည်။

ဤမြေပြိုမှုကြောင့် လူနေအိမ်ခြေ ပျက်စီး ခဲ့ရသည့် အပြင် ကာသို ဘုရားကျောင်းနှင့် အသင်းတော်အိမ် များ၊ ဖားပြင် သချိုင်း မြေနေရာများပါ ပျက်စီး ခဲ့ရပါသည်။
ထိုနေရာသည် ဖားကန့်မြို့ ဖားပြင်ရပ်ကွက် (၄) ဖြစ်သည်။ ဤနေရာသို့ ရွှေထိုင်း၊ သံလွင်ဧရာ၊ ဘဝတက် လမ်း၊ ရတနာ တောင်တန်းနှင့် မြစိမ်းရောင်ခြယ် စသည့် ကျောက်စိမ်း ကုမ္မဏီများ အခြေချသော နေရာ ဖြစ်ပါသည်။
အထူးသဖြင့် ကျောက်စိမ်း တူးဖော်ရေး ကုမ္မဏီများသည် သစ်ပင်များ ပေါက်သော တောင်များကို မြေဇာ ဖို့ခြင်း၊ တူးဖော် ထားသည့် တွင်းဟောင်းများကို ပြန်လည် စီစစ်မှု မရှိဘဲ ပစ်ထားခြင်း၊ ပြန်လည် မြေဖို့ပြီး ပိတ်ပစ်မှု မပြုလုပ်ခြင်း နှင့် သစ်ပင်များ ပြန်လည် အစားထိုး စိုက်ပျိုး ပေးခြင်းများ မပြုလုပ် ပေးသော ကြောင့် ဤဖြစ်ရပ်များ ဖြစ်ပွားခဲ့ရသည် ဟု ဒေသခံ များက ဆိုပါသည်။
ထို့အပြင် ပြီးခဲ့သည့် လတွင်လည်း သံလွင် ဧရာ ကုမ္မဏီသည် ၄င်းတို့ အသုံးပြုနေသော ဖေါက်ခွဲရေး ယမ်း များ ရေဖျော်မှု၊ စွန့် ပစ်မှုများကြောင့် ရပ်ကွက် (၄) အတွင်း နေထိုင်သည့် ဒေသခံများက အစာအဆိပ် သင့် မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံ များက ဆိုပါသည်။



ပျက်စီး လာနေသော ဖါးကန့် သဘာဝ ပတ်ဝန်းကျင်အစိုးရသည် ကျောက်စိမ်း ထုတ်လုပ် နေမှုကို ကုမ္မဏီများအား ခွင့်ပြုခဲ့သော်လည်း၊ ဒေသတွင်း ပတ်ဝန်းကျင်များ ပျက်စီးမှု အခြေအနေကို ထိမ်းသိမ်းခြင်း မရှိဟု ပတ်ဝန်းကျင် ထိမ်းသိမ်းရေး သမားများက ဆိုပါသည်။
ဤသို့ကြောင့် ရေကြီးမှု၊ မြေပြိုမှု၊ မြစ်ကြောင်းလွဲမှု၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနှင့် လူထု အပြောင်း အရွေ့များ ပြုလုပ်ခဲ့ ရသည်အထိ ဖြစ်ခဲ့ရပါသည်။ ဤသည် အစိုးရ၏ မဆင်မချင် ခွင့်ပြုချက်ကြောင့် ဖြစ် လာသော နောက်ဆက်တွဲ ပြသနာများပင် ဖြစ်ပါသည်။ ဤအထဲ၌ စစ်ကိုင်းတိုင်း မုံရွာခရိုင်မှ ကြေးနီတောင် စီမံကိန်းလည်း တခု အပါဝင်ဖြစ်ပါသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်