Friday, October 05, 2012

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ New York Times သို့ ဖြေကြားချက်များ

Posted by drmyochit Friday, October 05, 2012, under | No comments

 
Bill Keller: နိုင်ငံရေးကိစ္စတွေကို မမေးခင်မှာ သမတကြီးရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မေးချင် ပါတယ်၊  အမေရိကန် လူမျိုးတွေက သမတကြီးကို ကောင်းကောင်း သိပ်မသိကြသေးဘူးဆိုတော့ သမတ ကြီးရဲ့ မိဘတွေ အကြောင်းနဲ့ ပညာ ရေးနောက်ခံ အကြောင်းလေး ဦးစွာပြောပြပါဦး၊၊

Thein Sein: ကျနော်က အညတြဘ၀ လာပါတယ်၊ ကျနော့်မိဘတွေက လက်လုပ်လက်စားတွေပါ၊၊ မြစ်ဝ ကျွန်းပေါ်ဒေသ၊ ဟိုင်းကြီးကျွန်းနားက ရွာလေးတရွာမှာ ကျနော့်ကို မွေးပါတယ်၊ ကျနော့် မိဘတွေ ကလယ် သမားတွေပါ၊၊

BK: ကျနော် ဖတ်ဖူးတာက သမတကြီးရဲ့ ဖခင်က ဘုန်းကြီးဝတ်ဖူးသလားလို့၊၊ အဲဒါအမှန်ပဲလား၊၊

TS: ကျနော့်ဖခင်က အမေဆုံးပြီးတော့မှ ရဟန်းဘောင်ဝင်ခဲ့တာပါ၊ သူ့ဇနီးဆုံးပြီးတော့ အဖေက ကျနော်နဲ့ ဆယ်နှစ် လောက်နေပါတယ်၊ ပြီးတော့မှ ရဟန်းဘောင်ဝင်သွားတာပါ၊ ရဟန်းဘ၀နဲ့ပဲ ကွယ်လွန်သွား ပါတယ်၊ 

BK: အဲဒီတော့ သမ္မတက အဲဒီရွာမှာပဲ ကျောင်းတက်ခဲ့တာလား၊။

TS: ရွာမှာက မူလတန်းကျောင်းပဲရှိတယ်လေ၊၊ အဲဒါကြောင့် မြို့ (ပုသိမ်) တက်ပြိးတောတနှစ်လောက် ကျောင်း သွားတက်ခဲ့တယ်။ ကျနော့်ရွာမှာက အလယ်တန်းကျောင်းလည်းမရှိပါဘူး၊ အနီးဆုံးကျောင်းကမိုင် ၄၀-၅၀ လောက်သွား ရတယ်။ အဲဒီမှာ သုံးနှစ်လောက် သွားတက်ရတယ်။ အဲဒါပြီးတော့ မြို့(ပုသိမ်)ကို ပြန်တက် ပြီးတော့ နောက်ထပ်သုံးနှစ် လောက် ကျောင်းပြန်တက်တယ်၊ ကျောင်းပြီးတော့ ဗိုလ်လောင်း သင်တန်းဖြေ တယ်၊အောင်သွားတယ်။ ဗိုလ်လောင်း သင်တန်းမှာ ၄ နှစ်တက်တယ်။ ၀ိဇာဘွဲ့ရတယ်။ ဒုဗိုလ် ဖြစ်လာတယ်၊

BK: ဘယ်အချိန်လောက်မှ မြန်မာပြည်ကနေ နိုင်ငံခြားကို ခရီးထွက်ဖူးတာလဲ၊၊

TS: ကာနယ် (ဗိုလ်မှူး) ဘ၀မှာ အရင်ဆုံး စစ်ရုံးရဲ့ ရုံးအုပ်ကြီးအဖြစ်နဲ့ တရုတ်ပြည်နဲ့ စင်ကာပူကို အရင်ဆုံး ရောက်ဖူး တယ်။

BK: အဲဒီအချိန်တုန်းက အသက်ဘယ်လောက်ရှိနေပြီလဲ၊၊

TS: ၄၀ ကျော်လောက်ရှိမယ်။။

BK: မြန်မာပြည်က နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေအောက်မှနှစ်ပေါင်းများစွာ ကျရောက်ခဲ့ရတယ်။ ဒဏ်ခတ်ပိတ် ဆို့မှုတွေကြောင့် မြန်မာပြည်အပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိခဲ့တယ်လို့ ပြောချင်လဲ၊၊

TS: ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် သာမန်ပြည်သူတွေကို အကြီးအကျယ် ဒုက္ခရောက်ခဲ့တယ်လို့ ကျနော်ယူ ဆတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) တွေ မရခဲ့ ဘူး။ သာမန်ပြည် သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးခဲ့တယ်။ အိမ်နီးချင်း နိုင်ငံတွေ ကို ထွက်ပြီးတော့ အလုပ်သွားလုပ်ရတယ်။ မြန်မာအလုပ်သမား ၃ သန်း လောက်က ထိုင်းနဲ့ ဒေသတွင်းက နိုင်ငံတွေမှာ အလုပ်လုပ်နေကြတယ်။ ဒဏ်ခတ်ပိတ်ဆို့မှု တွေက စစ်အစိုးရကို အင်အားလျှော့နည်း အောင်ရည်ရွယ်ပေမယ့် တကယ်တမ်းကျတော့ သာမန်ပြည်သူတွေက ပိုပြီးတော့ ထိခိုက်ခဲ့ပါတယ်။

BK: ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စစ်အစိုးရခေါင်းဆောင်ပိုင်းတွေကြားမှာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ စနစ်ကို ပြောင်းဖို့ လိုတယ်လို့ စဉ်းစားလာတာမျိုးရော ရှိခဲ့ရဲ့လား၊

TS: အစကတည်းက ဒီမိုကရေပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဖို့ အစီအစဉ်ရှိပါတယ်၊ လိုအပ်တဲ့ ပြင်ဆင်မှု တွေကို နှစ်ပေါင်း ၂၀ လောက် အချိန်ယူပြီးတော့ လုပ်ခဲ့ရပါတယ်၊ ပညာရေးစနစ်ကို တိုးတက်အောင် လုပ်ခဲ့ တယ်။ လမ်းပြမြေပုံ ၇ ချက်ကို ချမှတ်ခဲ့တယ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းကို ရေးဆွဲခဲ့ တယ်။ဆန္ဒခံယူပွဲ လုပ်ခဲ့တယ်၊ ပြီးတော့ ရွေးကောက်ပွဲ ကျင်းပခဲ့တယ်။ ဒဏ်ခတ် ပိတ်ဆို့မှုတွေ မရှိလည်း ပြုပြင်ပြောင်းလဲရေးက လုပ်ဖို့ပါပဲ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ဒါတွေကို လုပ်ခဲ့တာမျိုးမဟုတ်ပါဘူး။

BK: မနေ့တုန်းက Asia Society မှာ ရှင်းပြခဲ့တဲ့ အဖြေကို ပြန်ကောက်ချင် ပါတယ်၊ ကျွန်တော့်စိတ်ထဲမှာ သိပ်မရှင်းလို့ပါ၊ စစ်အစိုးရက အပြောင်းအလဲ လုပ်လာတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ လူတွေကြားထဲမှာ အမျိုးမျိုးပြောနေကြတယ်။ တချို့ကျတော့ နာဂစ်ဆိုင်ကလုန်း ကြောင့် သမ္မတကြီး စိတ်ပြောင်းသွားတာလို့ ပြောကြတယ်၊ တချို့ကျတော့လည်း အာရပ်နွေဦး က အကြောင်းရင်းလို့ ပြောနေကြတယ်။

TS: အဓိက အကြောင်းရင်းက ပြည်သူလူထုရဲ့ ဆန္ဒပါ၊ အစကတည်းက ပြည်သူ တွေက ဒီမိုကရေစီနစ်ကို လိုလားတယ်ဆိုတာကို ကျနော်တို့ သိပါတယ်၊ ဒါပေမယ့် ရုတ်ချည်း အပြောင်းအလဲတွေကို ကျနော်တို့ မလုပ် ချင်ဘူး။ အဲ့လို အပြောင်းအလဲမျိုးက လူ့အဖွဲ့အစည်းအတွက် အလွန်အန္တရာယ်များ ပါတယ်။ ကျနော်တို့ နိုင်ငံရဲ့အပြောင်းအလဲက တဖြည်းဖြည်းချင်း အပြောင်းအလဲမျိုးဖြစ်ပါတယ်၊ ဒါကလည်း ပြည်သူ တွေ ရဲ့ဆန္ဒ ကြောင့် လုပ်ခဲ့တာပါ၊ အာရပ်နွေဦးတို့ တခြား အကြောင်းတွေနဲ့ မဆိုင်ပါဘူ။

BK: လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရေစီအတွက် အကန့်အသတ် ဖြစ်နေတဲ့ ပြဌာန်းချက်တွေ ပါဝင်နေ တယ်၊ အရေးပေါ် အခြေအနေမှာ စစ်ဦးစီးချုပ်က အာဏာကို ပြန်သိမ်းလို့ ရနေတယ်၊ စစ်တပ်က လည်း ပါလီမန် မှာ ၂၅ ရာခိုင်နှုန်းကို ယူထားတယ်၊ ဒီလို ပြဌာန်းချက်တွေက ဘယ်အချိန်လောက်ထိ လိုအပ်နေမယ်လို့ သမ္မတ ကြီး ယူဆသလဲ၊၊

TS: ကာကွယ်ရေးဦးစီးချုပ်က သူ့သဘောနဲ့သူ အရေးပေါ်အခြေအနေကိုကြေညာ လို့ မရပါဘူး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတက ခန့်အပ်တာပါ။ အရေးပေါ်အခြေအနေဖြစ်လာရင် သမ္မတနဲ့အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အဆုံးအဖြတ်ပေးရပါတယ်၊ ဒါကြောင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် က သူ့သဘောနဲ့သူအာဏာသိမ်းနိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ ဒုတိယမေးခွန်းဖြစ်တဲ့ ပါလီမန်ထဲမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ပါဝင်နေရာယူထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြောရရင် ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေး အခန်းကဏ္ဍမှာ တပ်မတော်က အရေးကြီးတဲ့ နေရာကပါဝင်ခဲ့တဲ့ အစဉ်အလာရှိပါတယ်၊ ဒါကြောင့် ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်မှာ တပ်မတော်ကို ဘေးဖယ်ထားဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ တဖြည်းဖြည်းနဲ့တော့ ပါလီမန်ထဲက တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ အရေအတွက်ကတော့ လျှော့သွားမှာပေါ့။ အင်ဒိုနီးရှား မှာလည်း အချိန်ကြာ လာတာ နဲ့အမျှ လွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ် အရေအတွက် လျော့ သွားတာပဲ၊ ကျနော်တို့မှာ လည်း ဒီလိုမျိုးတွေ ဖြစ်လာမှာပေါ့၊၊

BK: ဒါဖြင့်တချိန်ကျရင် လွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ် တွေ ရုပ်သိမ်းသွားတာမျိုး ဖြစ်လာ မယ်လို့ ထင်လား၊

TS: အခြေအနေအပေါ် မူတည်ပါတယ်၊

BK: အရေးပေါ် အခြေအနေကြေညာတဲ့ ပြဌာန်းချက်ရော၊ ဆက်ရှိနေဦးမှာလား။၊ (သမတ အကြံပေးကြား ဖြတ်ဝင်ဖြေ)၊ ဖွဲ့စည်းပုံအရ အရေးပေါ်အခြေအနေက သမ္မတနဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေး ကောင်စီက ဆုံးဖြတ်ရပါတယ်၊ အဓိက အဆုံးအဖြတ်ပေးတာက သမ္မတပါ၊၊

BK: ဒါဖြင့်ရင် ဘယ်လိုအခြေအနေမျိုးမှာ အရေးအပေါ် အခြေအနေက ထုတ်ပြန်ရတာလဲ၊

TS: အရေပေါ်အခြေအနေက ဒေသတခုအတွက်ဖြစ်ဖြစ်၊ တနိုင်လုံး အတိုင်းအတာနဲ့ဖြစ်ဖြစ် ထုတ်ပြန်နိုင် ပါတယ်၊ တိုင်းသူပြည်သားတွေ အန္တရာယ်ကျရောက်နိုင်တဲ့အခြေအနေမှာ သမ္မတက ထုတ်ပြန်တာပါ။ တရား ဥပဒေ စိုးမှုရေးနဲ့ ငြိမ်ဝပ်ပိပြားရေးအတွက် ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ သမ္မတက ယူဆတဲ့အခြေအနေမှာ သမ္မတက ကာကွယ်ရေးဦးစီးချုပ်ကို တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိပြားရေး အတွက် ဆောင်ရွက်ဖို့ အမိန့်ထုတ် ပေးတာမျိုးလည်း ရှိပါတယ်။

BK: အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်းမှာ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြားမှာ အပြန် အလှန် လေးစားတဲ့ လက္ခဏာတွေကို တွေ့ရတယ်။ တနေ့မှာ သမ္မတလုပ်ဖို့ ရည်ရွယ်ထား သလားလို့ ဒေါ်အောင်ဆန်းစုကြည်ကို မေးတဲ့အခါမှာ ပါတီခေါင်းဆောင် တိုင်းက နိုင်ငံအကြီးအကဲ ဖြစ်ချင်ကြ တာချည်းပဲ လို့ပြောတယ်၊ သမ္မတကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ တယောက်အနေနဲ့ စိတ်ကူးကြည့်လို့ ရ လား၊၊

TS: ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီဖို့ အရင်လုပ်ဖို့ လိုပါတယ်၊ (မှတ်ချက်၊ ၊ လက်ရှိဖွဲ့စည်းပုံ အရ နိုင်ငံခြားသားခံယူထားတဲ့ ကလေးတွေ ရှိနေတာကြောင့် သမ္မတ အရည်အချင်းနဲ့ မကိုက်ညီပါဘူး) အဲ့လို ကိုက်ညီသွားပြီဆိုရင်တော့ ပြည်သူလူထု ရဲ့ အဆုံးအဖြတ်ပေါ်မှာပဲ မူတည်ပါတယ်၊ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်