Friday, October 05, 2012

အောက်တိုဘာလ(၃)ရက်နေ့မှာဖြစ်တဲ့ KIA နဲ့ ဗမာတပ်တို့ တိုက်ပွဲတွင် KIA နှစ်ဦးကျ နှစ်ဦး ဒဏ်ရာရ

Posted by drmyochit Friday, October 05, 2012, under | No comments



စက်တင်ဘာလ(၃)ရက်နေ့ နေ့လည်ပိုင်းမှာ KIA နဲ့ ဗမာတပ်တို့ ဟောင်ပါးနားတွင် တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါ တယ်။

တိုက်ပွဲတွင် KIA တပ်မဟာ(၂) ရင်း(၂၆)က ဗိုလ်ကြီး တစ်ဦးပါတဲ့ အင်အား(၂၀)ဦးနဲ့ ဗမာစစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ KIA တပ်က တောင်စောင်းဆေအာက်ခြေမှာ နားနေတုန်း ဗမာတပ်တွေကို မြင်လို့
စတင်ပစ်ခတ် ခဲ့ကြောင်း သိရပါတယ်။ ဗမာတပ်တွေက အင်အားဘယ်လောက်ပါတယ်ဆိုတာကတော့ မသိရ ပါဘူး။ တိုက်ပွဲက နာရီဝက်လောက်ကြာအောင် ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။
ဒီတိုက်ပွဲမှာတော့ KIA ဘက်က ချောင်းထဲကို ရေခပ်ဆင်းနေတဲ့ တပ်သား (၂)ယောက် ကျဆုံးသွားပြီး သူတို့ရဲ့ သေနက်တွေလဲ ပါသွားတယ်လို့ တပ်မဟာ(၂) အသိုင်းအ၀န်းမှ သိရပါတယ်။
`` ဗမာတပ်နဲ့ KIA တို့ နေ့လည်ကတိုက်ပွဲဖြစ်တယ်။ ကျွန်တော့် တောင်ယာတဲနဲ့ သိပ်မဝေးဘူး။ တိုက်ပွဲက သိပ်မကြာလိုက်ပါဘူး။ တစ်ဖက်နဲ့တစ်ဖက် လက်နက်ကြီးတွေနဲ့ ပစ်ကြတယ်ထင်တယ်။ ခဏကြာတော့ KIA ဘက်က ဒီယာတဲနားကဖြတ်ပြီး ဆုတ်သွားတယ်။ နှစ်ယောက်ဒဏ်ရာရသွားတာတွေ့တယ်။ တစ်ယောက် ကတော့ ထမ်းခေါ်သွားပြီး တစ်ယောက်ကိုတော့ တွဲသွားတယ်။ တိုက်ပွဲဖြစ်ပြီးတော့ ဗမာတပ်ကတော့ ဆက် ထွက်သွားတယ် သူတို့မှာ ဒဏ်ရာရတာတော့ မတွေ့ဘူး´´ လို့ ဒေသခံတောင်ယာလုပ်ကိုင်နေသူ တစ်ယောက် ကပြောဆိုခဲ့ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်