Friday, October 05, 2012

ကမ္ဘောဇဘဏ်မှ ကျပ်သိန်းတစ်ထောင် ထုတ်လာသူ လုယက်တိုက်ခိုက်ခံရ

Posted by drmyochit Friday, October 05, 2012, under | No comments


ရန်ကုန်၊အောက်တိုဘာ-၅ ယနေ့(အောက်တိုဘာ ၅ ရက်) မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ လှိုင်သာယာ မြို့ နယ်အနီးရှိ ကမ္ဘောဇဘဏ်ခွဲတစ်ခုမှ ငွေထုတ်ပြီးပြန်လာသော အအေးခန်းစက်ရုံပိုင်ရှင် တစ်ဦးအား လုယက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ လုယက်မှု ဖြစ်ပွားသောကြောင့် ငွေလုယက်ခံရသူမှာ ဒဏ်ရာများရရှိခဲ့ကာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေရပြီး ၄င်းနှင့်အတူ ပါလာသည့် ငွေကျပ်သိန်းတစ်ထောင်မှာမူ လုယက်သူများနှင့် ပါမသွားခဲ့ကြောင်း ၄င်းနှင့်နီးစပ်သူ လုပ်ငန်းရှင်အသိုင်းအ၀ိုင်းကပြောသည်။
ယခုကဲ့သို့ ငွေလုခံရသူသည် တစ်ဦးတည်း ဘဏ်မှငွေသွားထုတ်ပြီး ထွက်လာချိန်တွင် ၄င်းနောက်မှ လုယက်သူများက ကားဖြင့် နောက်ယောင်ခံလိုက်လာပြီး ငွေကိုလုကာ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက် ခဲ့သောကြောင့် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။
"အခုလို နေ့ခင်းကြောင်တောင်ကြီးမှာ အတင့်ရဲပြီး လုတယ်ဆိုတော့ ဒါ ဓါးပြတိုက်တာပဲပေါ့။ အဲဒီလိုဆို တော့ ကျွန်တော်တို့တောင် ကြောက်လာပြီဗျာ။ ဘဏ်တွေမှာ စောင့်ကြည့်ပြီး လုနေတဲ့သူတွေ ရှိနေပြီဆို တာ သေချာနေပြီဗျာ"ဟု အအေးခန်းစက်ရုံပိုင်ရှင်တစ်ဦးကပြောသည်။
အထက်ပါ ဖြစ်စဉ်အား အသေးစိတ် သိရှိနိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များက သွားရောက် စစ်ဆေးနေသော်လည်း ကာယကံရှင်များက အတည်ပြုပြောကြားခြင်း မရှိပေ။ ထို့အပြင် ရဲစခန်းအသီးသီး ထံတွင်လည်း အမှုဖွင့်ထားခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

From-7DayNewsJournal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်