
ပြည်သူများမျှော်လင့်ကြ သော (၅၀၀၀)တန်ဖုန်း အိပ်မက်သည် တ ကယ်ြ ဖစ် လာရန် နီးစပ် လာပြီဖြစ်ကြောင်း နိုဝင်ဘာလ(၉)ရက်ကရွှေပြည် တံခွန်ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦး ကပြောကြား သည်။
““အခု ဆက်သွယ်ရေးဥပဒေကို အများပြည်သူသိရှိလေ့လာစေရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ(၇)ရက်က ဖော်ပြထားပြီး ဆက်သွယ်ရေးဥပဒေမှာ ဆက်သွယ်ရေးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုလုပ်မလဲဆိုတဲ့ အချက် အလက်တွေ၊ သူ့ရဲ့ အဓိပ္ပာယ်တွေ၊ အပြည်ပြည်ဆိုင်ရာလိုင်စင်တာဝန်၊ပြိုင်ဆိုင်မှုကို ဆန့်ကျင်သည့် လုပ်ဆောင်ချက်များအား တားမြစ်ခြင်း အဲဒါ
မျိုးတွေလုပ်နေပြီ ဆိုတော့ မကြာခင်ပြည်သူကို ၀န်ဆောင်မှုအထူးပြုတဲ့ဆက်သွယ် ရေးစနစ်တစ်ခုပေါ်ပေါက်လာမယ်။ ပြည်သူကိုဗဟိုပြုတဲ့ ဆက်သွယ် ရေးပုံစံမဟုတ်ဘဲနဲ့။ပြည်သူဝန် ဆောင်မှုကို အထူးပြုတဲ့ ဆက်သွယ်ရေး ပုံစံမ ဟုတ်ဘဲနဲ့။ပြည်သူ ၀န်ဆောင်မှုကို အထူးပြုတဲ့ဆက် သွယ်ရေးပုံစံဖြစ်လာဖို့ လမ်းစပေါ် ပေါက်လာပြီလို့ပြောလို့ရတယ်။ ပြီးတော့ မကြာခင်ကပဲ FDI Law ကိုအတည်ပြုလိုက်တယ်။ FDI Lawကိုအတည်ပြုလိုက်တဲ့အတွက်ကြောင့် FDI Law ရဲ့ ကျင့်သုံးတဲ့ အနှစ်သာရအရဆိုရင်နိုင်ငံခြားနဲ့နိုင်ငံသားတွေအဓိက ဆက်သွယ်ရေးလုပ်ငန်းဆိုတာ ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံသားတွေ ရဲ့အကျိုးကိုရှေးရှုရမှာပေါ့””ဟု ဦး လွင်နိုင်ဦးမှ ဆက်လက်ပြောကြားသည်။
““အခုဆက်သွယ်ရေးဥပဒေ မူကြမ်းထွက်လာပြီ ပြည်သူသိဖို့ အတွက်ချပြထားပြီ ဒါ့အပြင် FDI Law လည်းထွက် လာပြီဆိုတော့ တကယ်လို့ ဒီပုံစံအတိုင်း သွားမယ်ဆိုရင် မကြာခင်ဆိုတာ ဒီကောင်လုပ်ရတဲ့ဟာက အခတ် အခဲမရှိ ဘူး။သို့သော် ဥပဒေတွေက ဘာတွေရှိနေသေးတော့ ဒီဥပဒေတွေသာကျော်လွှားနိုင်မယ် ဆို အချိန်အကြာဆုံးကတော့ ၂၀၁၃နှစ်ကုန်မြန်မယ်ဆိုရင် ၂၀၁၃ဇွန်လထဲမှာ ဒီဖုန်းထွက်မယ်””ဟု ဦးလွင်နိုင်ဦး ကအတည်ပြု ပြောကြားခဲ့သည်။
Time in Rangoon

0 comments:
Post a Comment