Saturday, November 10, 2012

ချင်းပြည်နယ် အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိ

Posted by drmyochit Saturday, November 10, 2012, under | No comments



နေပြည်တော် နိုဝင်ဘာ ၉ - 
နိုင်ငံတော် အစိုးရမှ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ် (၈)ရပ်နှင့် အညီ တည်ငြိမ် အေးချမ်း သည့် ဒေသများ တွင် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း များကိုပါ တစ်ဆက်တည်း ဆောင်ရွက် ပေးနိုင်ရန် အတွက် ချင်းပြည်နယ် အတွင်းရှိ နယ်စပ်မြို့နယ်၊ ကျေးရွာများသို့ အထူးကု ဆရာဝန် ကြီးများ ပါဝင်သော တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့ များမှ သွားရောက်၍ ဒေသခံ တိုင်းရင်း သား ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ခြင်း လုပ်ငန်းများအား ဆောင်ရွက် ပေးလျက်ရှိသည်။
 
နိုဝင်ဘာ ၈ ရက်က နယ်လှည့် အထူးကု ဆေးကုသရေး အဖွဲ့(၁)မှ တီးတိန်မြို့နှင့် ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံ တိုင်းရင်းသား ပြည်သူ ၅၅ဝ ဦးအား လည်းကောင်း၊ နယ်လှည့် အထူးကု ဆေးကုသရေး အဖွဲ့ (၂)မှ ထန်တလန် မြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူ ၁၃၉ ဦးအား လည်းကောင်း၊ နယ်လှည့် အထူးကု ဆေးကုသရေး အဖွဲ့(၃)မှ လေရှီမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံ တိုင်းရင်းသား ပြည်သူ ၈၁ ဦးအား လည်းကောင်း၊ နယ်လှည့် အထူးကု ဆေးကုသရေး အဖွဲ့(၄)မှ မင်းတပ်မြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူ ၁၅၇ ဦးအား လည်းကောင်း၊ နယ်လှည့် အထူးကု ဆေးကုသရေး အဖွဲ့(၅)မှ ဆောမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံ တိုင်းရင်းသား ပြည်သူ ၃၃၅ ဦးအား လည်းကောင်း၊ အခြေပြု ဆေးကုသရေး အဖွဲ့(၁)မှ ကလေးမြို့တွင် အခြေပြု၍ ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံ တိုင်းရင်းသား ပြည်သူ ၂၉၂ ဦးအား လည်းကောင်း၊ အခြေပြု ဆေးကု သရေး အဖွဲ့ (၂)မှ ဂန့်ဂေါမြို့တွင် အခြေပြု၍ ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံ တိုင်းရင်းသား ပြည်သူ ၁၇၁ ဦးအား လည်းကောင်း၊ စုစုပေါင်း ဒေသခံ တိုင်းရင်းသား ပြည်သူ ၁၇၂၅ ဦး တို့အား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက် ပေးခဲ့သည်။
တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့များ အနေဖြင့် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၈ ရက် အထိ ချင်းပြည်နယ် အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူ ၁၂၈၅၇ဦး တို့အား ယင်းတို့ ခံစား နေရ သည့် ရောဂါများ အတွက် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက် ပေး ခဲ့ကြောင်း သိရှိ ရသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်