Tuesday, November 06, 2012

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ဇာဂနာ နှင့် ကိုကိုကြီး တို့ ရခိုင်လူထုအတွက် မစုံစမ်းပဲ ဥရောပရောက်နေပြီး ကြားဖြတ် အစီရင်ခံစာ သမ္မတထံတင်မည်

Posted by drmyochit Tuesday, November 06, 2012, under | No comments


လူပေါင်းတစ်ရာကျော် သေဆုံးခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများကို စုံစမ်း စစ်ဆေးရန် ဖွဲ့စည်းထားသော စုံစမ်း စစ်ဆေးရေး ကော်မရှင်က နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကြားဖြတ် အစီရင်ခံစာကို သမ္မထံ တင်ပြသွား မည်ဖြစ်ကြောင်း ယင်းကော်မရှင်က သတင်းထုတ်ပြန်သည်။စုံစမ်းစစ်ဆေးရေး ကော်မရှင်က ရခိုင်ပြည်နယ်သို့ ၄ ကြိမ်သွားရောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သုတေသန အဖွဲ့များ ဖွဲ့စည်းကာ လူမျိုးစုံ၊ အလွှာစုံ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရှိရသည်။ရခိုပြည်နယ် ပဋိပက္ခသည် နက်ရှိုင်းလွန်းသဖြင့် ဘက်ပေါင်းစုံမှ ထပ်မံ လေ့လာရန် လိုအပ်နေသေးပြီး ရရှိ ထားသော အချက်အလက်များ ခိုင်မာအောင် လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း၊ ကွင်းဆင်း သုတေသနများ ပြုလုပ်နေစဉ် ပဋိပက္ခများ ထပ်မံဖြစ်ပွားခဲ့သဖြင့် စစ်တွေမြို့နှင့် အနီးဝန်းကျင်ကိုသာ အချက်အလက် ကောက်ယူနိုင်ခဲ့ပြီး ကျန်နေရာ အများအပြားကို စုံစမ်း စစ်ဆေးရန် ကျန်ရှိ နေသေးသဖြင့် အစီရင်ခံစာ အပြီးသတ်ရန် အနည်းဆုံး အချိန်လေးလခန့် ထပ်မံ ယူရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်