Tuesday, November 06, 2012

အမေရိကန်တက္ကသိုလ်များသို့ တစ်နှစ် ဒေါ်လာနှစ်သောင်းကျော်ဖြင့် ဆက်သွယ်လျှောက်ထားနိုင်

Posted by drmyochit Tuesday, November 06, 2012, under | No comments


အမေရိကန်နိုင်ငံတွင် ပညာသင်ကြားလိုသော ကျောင်းသားကျောင်းသူများ အနေဖြင့် တက္ကသိုလ်များသို့ တိုက်ရိုက် လျှောက်ထားနိုင်သည့် ပညာရေး လမ်းေ ကြာင်းသစ်များသို့ တစ်နှစ်လျင် ဒေါ်လာနှစ်သောင်းကျော်ဖြင့် ဆက်သွယ် တက်ရောက်သင် ကြားနိုင်ပြီ ဖြစ်သည်။ အဆိုပါ ပညာရေးလမ်းကြောင်းများမှတဆင့် လျှောက်ထားမည်ဆိုပါက (၁၀)တန်းဖြေဆိုအောင်မြင်ပြီးသူများအတွက် SAT ရမှတ်ပြစရာမလိုပဲ ကျောင်းဝင်ခွင့်လျှောက်ထားနိုင်မည်ဖြစ်ပြီး Post Graduate ပညာရေး လမ်းကြောင်းများက တဆင့်လည်း လျှောက်ထားပါက GRE/GMAT ရမှတ်များ တင်ပြစရာမလိုပဲ လျှောက်ထားနိုင်ခြင်းဖြစ်သည်။ အမေရိကန်တက္ကသိုလ်ကောလိပ်များသို့ လျှောက်ထားရာ၌ တက္ကသိုလ် များသို့တိုက်ရိုက်လျှောက်ထားနိုင်သလို ပုဂ္ဂလိကကောလိပ်များသို့  လျှောက်ထားခြင်းနှင့်ကွန်မြူနတီ (အစိုးရ)ကောလိပ်များသို့လျှောက်ထား နိုင်ခြင်းဖြစ်သည်။ တက္ကသိုလ်များသို့ လျှောက်ထားရာတွင် နိုင်ငံတကာ ကျောင်းသားအများအတွက် အထူးစီစဉ်ထားသည့် အမေရိကန် တက္ကသိုလ်များ၏ ပထမနှစ် (Fresh man) နှင့် ညီမျှသော University Pathway Program (UPP) သို့ တိုက်ရိုက်လျှောက် ထားတက်ရောက်နိုင်ပြီး၊ အဆိုပါ ပညာရေး လမ်းကြောင်းမှတဆင့် တက္ကသိုလ်ဒုတိယနှစ်( Sophmore)၊ တတိယနှစ် (Junior)နှင့် စတုထ္တနှစ်(Senior)တက်ရောက်ကာ ဘွဲ့ ရယူနိုင်ခြင်းဖြစ်သည်။ အဆိုပါတက္ကသိုလ်များတွင် ပညာသင်ကြား ရန် ပညာသင်ကြားရေးစရိတ် တစ်နှစ်လျင် ဒေါ်လာနှစ်သောင်းကျော် ကျသင့်မည်ဖြစ်ကြောင်းနှင့် အဆိုပါတက္ကသိုလ်များသို့ လျှောက်ထားဝန်ဆောင်မှုပေးသည့် CROWN Education မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။ အမေရိကန်ရှိ ပုဂ္ဂလိကကောလိပ်များသည် အစိုးရ ထောက်ပံ့ကြေးများဖြင့် လည်ပတ်သည့်ကျောင်းများ မဟုတ်သဖြင့် ကျောင်း လခ အပါအ၀င် နေထိုင်စားသောက်စရိတ်စုစုပေါင်း တစ်နှစ်လျှင် ဒေါ်လာ(၄)လေးသောင်း မှ (၅) သောင်းအထိ ကုန်ကျလေ့ရှိခြင်း ဖြစ်သည်၊၊ ပညာရေးထူးချွန်မှုမှတ်တမ်းများ တင်ပြနိုင်သည့် ကျောင်းသူကျောင်းသားများ အနေဖြင့် TOEFL သို့ မဟုတ် IELTS တစ်ခုခုရမှတ်ကောင်းတင်ပြခြင်း၊ SAT (I &II) ရမှတ်များ တင်ပြခြင်းဖြင့် ပညာသင်ထောက် ပံ့ကြေး (၅၀%) မှ (၇၀%) အထိ လျောက်ထားနိုင်ကြောင်း ကိုလည်း သိရသည်။ အစိုးရကောလိပ်များဖြစ်သော ကွန်မြူနတီ ( Community College) ခေါ် ဂျူနီယာကောလိပ် ( Junior College) များသို့ လျှောက်ထားရာတွင် (၂)နှစ်တက်ရောက်ပြီး Associate Degree အဖြစ်ရရှိနိုင်ကာ အချို့ ကောလိပ်များ အနည်းငယ်သာ (၄)နှစ် ဒီဂရီလေ့လာသင်ယူနိုင်သည်၊၊ အဆိုပါကောလိပ်များမှာ သက်ဆိုင်ရာပြည်နယ်အစိုးရ၏ အထောက်အပံ့ ရရှိသဖြင့် တစ်နှစ် ကုန်ကျစရိတ်ဒေါ်လာ (၇၀၀၀ - ၈၀၀၀) ခန့် သာ ကုန်ကျနိုင်ပြီး၊ ကျောင်းများလျှောက် ထားရာတွင် SAT ရမှတ်များ တင်ပြရန် မလိုကြောင်း ကိုလည်းသိရသည်၊၊ အမေရိကန်ကျောင်းဝင်ခွင့်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ တက္ကသိုလ် အသီးသီးမှ တာဝန်ရှိသူများနှင့် အသေးစိတ် တိုင်ပင် ဆွေးနွေးလိုသူများ အနေဖြင့် CROWN Education 09 -732 732 77 နှင့် 09-5085 185 သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်းကိုလည်း သိရသည်၊၊ 


Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်