ကျောက်တော်မြို့နယ် အတွင်း၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား
ဥပဒေ အရ မြန်မာနိုင်ငံသား အဖြစ်ခံယူခွင့်ရရှိထားသည့် ဘင်္ဂလီ များ လုံးဝမရှိကြောင်း ကျော်တော်မြို့နယ် လူဝင်မှု
ကြီးကြပ်ရေးဦးစီးဌာန အကြီးတန်း အရာရှိက နိုဝင်ဘာလ ၉ ရက်က ပေါ်ပြူလာ နယူးစ်ဂျာနယ်နှင့်တွေ့ဆုံ
စဉ်ပြောကြားသည်။
ယခင်ကာလ ကတည်းကပင် ကျောက်တော်မြို့နယ်အတွင်း နိုင်ငံသားစိစစ်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင်
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပြဌာန်း ချက်အတိုင်းပင် ဆောင်ရွက်ခဲ့ကြောင်း၊ ကျောက်တော်မြို့နယ်၌
လူမျိုးခြားအဖြစ် ဘင်္ဂလီ ၊ ဟိန္ဒူနှင့် တရုတ်လူမျိုး တစ်ဦးသာရှိကြောင်း၊ ယင်းတို့အနက်
ဘင်္ဂလီများသည် ၁၉၅၀ ၊ ၁၉၆၀ ခုနှစ်များက ကိုင်ဆောင်ရန် ထုတ်ပေးထားသည့် ကဒ်ပြားအဖြူရောင်ဖြင့်သာနေ
ထိုင်ကြရခြင်းဖြစ်ကြောင်း၊ ၄င်းတို့အား ပြုကဒ်၊ ဧည့်ကဒ်ထုတ်ပေးထားခြင်း ရှိကြောင်း
၎င်းကပြောသည်။
လက်ရှိတွင် မြို့နယ်တွင်း၌ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ကောက်ယူရန် ညွှန်ကြားချက်တစ်စုံတစ်ရာ
မရှိသေး၊ လက်ရှိတွင် ပေါက်တော ၌ ကောက်ယူလျှက်ရှိပြီး ယင်းနောက် စစ်တွေကောက်ယူပြီးမှ
သာ ကျောက်တော်မြို့နယ်တွင်း ကောက်ယူခြင်း ဆောင်ရွက်မည်ဟု ယူဆရကြောင်း သိရသည်။ ကျောက်တော်မြို့နယ်တွင်
လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှထုတ်ပြန် ထားသည့်စာရင်းများ အရအိမ်ထောင်စု စုစုပေါင်းသုံးသောင်း
ကိုးထောင်ကျော်နှင့် လူဦးရေစုစုပေါင်း နှစ်သိန်းတစ်သောင်း ကျော်ရှိကြောင်း သိရသည်။
Popular New
0 comments:
Post a Comment