Sunday, November 11, 2012

တယ်လီဖုန်း အရေးပေါ် အားသွင်းနည်းတခု

Posted by drmyochit Sunday, November 11, 2012, under | No comments


သဘာဝ ဆိုတာ တကယ့် စွမ်းအင်ကို ရစေတဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ ဒါကို သက်သေထူတဲ့ လူငယ်တဦး ကတော့ ထိုင်း နိုင်ငံက တက္ကသိုလ်ကျောင်းသား တဦးပါ။ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ တောင်းပိုင်းတ၀ိုက် ပြီးခဲ့တဲ့ ရေကြီးမှုတွေဖြစ်တော့ လျှပ်စစ်မီးတွေပျက်၊ တယ်လီ ဖုန်းတွေလည်း ဘက်ထရီ အားသွင်းလို့ မရတော့တဲ့အခါ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြတ် သွားခဲ့တဲ့ သင်္ခန်းစာကို ထိုင်းနိုင်ငံ သားတွေ ရခဲ့ကြပါတယ်။ အဲဒီကနေ ထိုင်းကျောင်းသား လူငယ်တဦးက တီထွင်ပါရဂူ ဖိုးဆိတ်ဖြူ လုပ်ခဲ့ပါတယ်။ သူကတော့ ဘက်ထရီ အားပြန်သွင်းဖို့ အတွက် ရေနွေးငွေ့နဲ့ ဖန်တီးထားတဲ့ Thermoelectric Power Generator အဖြစ် ပုံမှာ ပြသထားတဲ့ အတိုင်း တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အရေးပေါ် ဘက်ထရီ အားပြန်သွင်းလို့ ရနိုင်ပါတယ်။  အခုတော့ ထိုင်းနိုင်ငံ သတင်းမီဒီယာ တွေကပါ အဲဒီလို တီထွင်ပြခဲ့တဲ့ ဘက်ထရီ ဓာတ်အားပြန်သွင်းတဲ့ စနစ်ကို အကျယ်တ၀ံ့ ဖော်ပြသွားခဲ့ပါတယ်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်