ဧပြီလ ၁ ရက်နေ့ နောက်ပိုင်း တွင် မိုဘိုင်း ဖုန်း ဆင်း ကတ်များကို ငွေကျပ် ထောင် ဂဏန်း ၀န်းကျင်ဖြင့် ရောင်း ချ မည်ဟု နိုင်ငံတော် သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲ ထွဋ် က မတ်လ ၁၆ ရက်နေ့တွင် Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့သည်။
နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က "ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပြောတဲ့ 'မိုဘိုင်းဖုန်း ဆင်းကဒ်တွေ ကို ဧပြီလ ၁ ရက်နေ့မှာ စတင်ရောင်းချပေးမှာ မှန်ပါတယ်။ မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို တကယ်ရောင်း တဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်းဆိုတာထက် အများကြီး လျော့နည်းတဲ့ဈေးနဲ့ ရောင်းမှာ ပါ။ ထောင်ဂဏန်းမျှသာ ဖြစ်ပါလိမ့်မယ်' ဆိုတာကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို မေးတဲ့ အခါ အတည်ပြု တဲ့အတွက် အခြား မီဒီယာတွေကိုလည်း အဲဒီအတိုင်း ကျွန်တော် ထပ်ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်" ဟု Eleven Media Group ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။
နောက်ဆုံးရောင်း ချခဲ့သော GSM Sim Card ဈေးနှုန်း များမှာ ငွေကျပ် ၂ သိန်းနှုန်းဖြစ်ပြီး ၎င်းဖုန်းများ ရောင်းချ မှုကို လက်ရှိ အချိန်တွင် မြန်မာ ဆက်သွယ်ရေး လုပ်ငန်းမှ ရပ်ဆိုင်း ထားသည်။
အဆိုပါ ငွေကျပ် ၂ သိန်းတန် မိုဘိုင်းဖုန်း များကို ငွေကျပ် ၂ သောင်းနှုန်းဖြင့် ရောင်းချပေး မည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လဆန်း ပိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။
၂၀၁၂ ခုနှစ်အထိ ပြည်တွင်း၌ မိုဘိုင်းဖုန်း လုံးရေ စုစုပေါင်း ၆ သန်းဝန်းကျင် ရောင်း ချပေးပြီးဖြစ်ကြောင်း သိရှိရသည်။
"ဖုန်းကတ်တွေ ထောင် ဂဏန်း ၀န်းကျင်နဲ့ ရောင်းမယ်ဆိုတာ အင်တာနက်ပေါ် မှာတော့ တက်နေ တယ်ပြော တယ်။ ကျွန်တော်လည်း သေချာ မသိပါဘူး။ ကျွန်တော် တို့ကို ဘယ်လောက်နဲ့ ရောင်းဆိုပြီး အခုအချိန် အထိ ညွှန်ကြား ထားတာ မရှိသေးပါဘူး" ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ မိုဘိုင်း အင်ဂျင်နီယာ ချုပ် ဦးဌေးဝင်းက မတ်လ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
ငွေကျပ် ၂ ထောင်နှုန်းဖြင့် ရောင်းချမည့် ဆင်းကတ်များမှာ GSM Sim Card များဖြစ်ပြီး WCDMA Sim Card များ ကိုလည်း ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ရောင်းချမည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ထပ်မံချထားပေး မည့် မိုဘိုင်ဖုန်းများ၏ ဖုန်းနံပတ် ဂဏန်းအရေအတွက်မှာ ၁၁ လုံးပင်ဖြစ်ဖွယ်ရှိကြောင်း သတင်း ရရှိသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ GSM မိုဘိုင်းဖုန်းများအား ၂၀၀၂ ခုနှစ်တွင် ကျပ် ၅ သိန်းဖြင့် စတင် ဌားရမ်းပေး ခဲ့သော်လည်း နောက်ပိုင်းတွင် ကျပ် ၁၀ သိန်း၊ ထိုမှတစ်ဖန် ကျပ် ၁၅ သိန်းသို့ ပေးသွင်းခဲ့ ရသည်။
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ယင်းဖုန်းများအား ကျပ် ၅ သိန်းဖြင့် ထပ်မံချထားပေးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မတ်လတွင် ကျပ် ၂ သိန်းသို့ ထပ်မံလျော့ချပေးခဲ့ခြင်း ဖြစ်သည်။
Time in Rangoon


1 comments:
အဲဒီလို ချပေးတာတော့ဟုတ်ပါပြီ လိုင်းတွေကရော ဘယ်လိုလဲ
Post a Comment