Sunday, April 21, 2013

ဘော့စတွန်မြို့ မာရသွန်ပြိုင်ပွဲ ဗုံးခွဲသူများအား ရှာဖွေသည့် လူဖမ်းပွဲကြီး အောင်မြင်စွာ ပြီးဆုံး

Posted by drmyochit Sunday, April 21, 2013, under | No comments


အက်ဖ်ဘီအိုင်၊ ဘော့စတွန်မြို့တော် ရဲတပ်ဖွဲ့၊ ပြည် နယ် ရဲတပ်ဖွဲ့နှင့် နည်းဗျူဟာ ဆိုင်ရာ အထူး လက် နက် ကိုင် တပ်ဖွဲ့များ ပါဝင်သည့် လုံခြုံရေး တပ် ဖွဲ့ဝင် များ၏ ဘော့စတွန်မြို့တွင်း လူဖမ်း ပွဲကြီး သည် အောင်မြင် စွာ ပြီးဆုံးခဲ့ပြီဟု ဆိုရပါမည်။

အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက် ပြည် နယ် ဘော့စ တွန်မြို့ရှိ မြို့သူ၊ မြို့သားများအား တုန်လှုပ်ချောက်ချား စေခဲ့သည့် ဗုံးဖောက်ခွဲ တိုက်ခိုက် မှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ  ညီအစ်ကို နှစ်ဦး စလုံး အား ယခုအခါ လုံခြုံရေး တပ်ဖွဲ့ဝင် များက ဖမ်းဆီး ရမိခဲ့ပြီ ဖြစ်သည်။

အဆိုပါ ညီအစ်ကို နှစ်ဦးအနက် အကြီးဖြစ်သူ အသက် ၂၆ နှစ် အရွယ်ရှိ တာမာလန် ဇာနေယက်ဗ်ကို ရဲတပ်ဖွဲ့က ဧပြီ ၁၈ ရက် နှောင်းပိုင်းတွင် ဖြစ်ပွားခဲ့သည့် အပြန်အလှန် ပစ်ခတ်မှုအတွင်း အသေဖမ်းဆီး ရမိခဲ့ သည်။ သို့ရာတွင် ၎င်း၏ ညီဖြစ်သူ ဇိုခါဇာနေ ယက်ဗ်မှာမူ ရဲတပ်ဖွဲ့ဝင် များ၏ လက်မှ ထွက်ပြေး လွတ်မြောက် သွား ခဲ့သည်။

ထို့နောက်တွင် အက်ဖ်ဘီအိုင် အဖွဲ့ဝင်များ ပါဝင်သည့် အထူး လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဘော့စတွန် တစ်မြို့လုံးရှိ လမ်းများ အပါအဝင် နယူးယောက်မြို့သို့ ပြေးဆွဲနေသည့် Amtrak မီးရထား လိုင်းများကို ရပ်တန့် ပိတ်ဆို့ပြီး မြို့အတွင်း နေထိုင်ကြသည့် လူဦးရေ တစ်သန်းခန့်အား နေအိမ်များ အတွင်း၌သာ နေထိုင်ကြရန် သတိပေးကာ ရဟတ်ယာဉ်များ၊ သံချပ်ကာ ကားများကို အသုံးပြုပြီး တစ်အိမ်တက် တစ်အိမ် ဆင်း ပိုက်စိပ် တိုက်ရှာဖွေ ခဲ့ကြသည်။

ထိုသို့ ရှာဖွေစဉ် အတောအတွင်း ဝိုးတားတောင်း အရပ်ရှိ နေအိမ်တစ်အိမ် ၏ နောက်ဘက်တွင် ချထားသည့် လှေတစ်စင်းအတွင်း သေနတ် ဒဏ်ရာဖြင့် ပုန်းအောင်း နေသည့် ဇိုခါကို အိမ်ရှင် ဖြစ်သူက အမှတ်မ ထင် တွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ရာမှ ၎င်းအား လုံခြုံရေး တပ်ဖွဲ့များက ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ရဲတပ်ဖွဲ့က၎င်းအားဆေးရုံသို့ ပို့ဆောင် ပေးခဲ့သည်။

တာမာလန်နှင့် ဇိုခါတို့နှစ်ဦး၏ ဓာတ်ပုံနှင့် ဗီဒီယိုပြကွက်များကို အက်ဖ်ဘီအိုင် အဖွဲ့က ထုတ်ဖော်ပြသပြီး နောက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား ဖမ်းဆီးရန် ကြိုးပမ်းစဉ် အတွင်း ၎င်းတို့၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ဘော့စတွန် မာရသွန် ပြိုင်ပွဲ ၌ ဧပြီ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် လူသုံးဦး သေဆုံးပြီး အခြား ၁၈ဝ ကျော် ဒဏ်ရာရရှိခဲ့ သည်ဟု ဗြိတိသျှ သတင်းစာကြီး တစ် စောင်၌ ဧပြီ ၂၁ ရက်က အတည်ပြု ထုတ်ပြန်ထားသည်။

တာမာလန်နှင့် ဇိုခါညီအစ်ကိုနှစ်ဦး သည် ရုရှားတောင်ပိုင်း ဒေသမှ အမေရိကန် ပြည်ထောင်စုသို့ ပြောင်းရွှေ့ လာသည့် ချေချင်မျိုးနွယ် ဝင်များဖြစ်ပြီး မက်ဆာချူးဆက် ပြည်နယ် ကိန်းဘရစ်မြို့၌ ၂ဝဝ၂ ခုနှစ် မှ စတင်၍ နေထိုင်ခဲ့ကြသူ များဖြစ်သည်။

၎င်းတို့နှစ်ဦးအနက် အကြီးဖြစ်သူ တာမာလန်သည် အမေရိကန် နိုင်ငံရေး မူဝါဒနှင့် စပ်လျဉ်း၍ အယူအဆ ပြင်းထန်သူ တစ်ဦးဖြစ်ပြီး အမေရိကန် ပြည်ထောင်စုသည် အခြား နိုင်ငံများကို ကျူးကျော်ရန်အတွက် သမ္မာကျမ်းစာကို ''ဆင်ခြေ'' အဖြစ် အသုံးပြုလျက်ရှိသည် ဟု ပြောကြားဖူးကြောင်း အိမ်နီးချင်း တစ်ဦးဖြစ်သူ အယ်လ်ဘရက်ခ်ျ အမ်မွန်က ပြောကြား ထားသည်။

မည်သို့ပင်ဖြစ်စေ ၎င်းတို့ညီအစ်ကို နှစ်ဦးသည် အကြမ်းဖက်သမားများဟု သမ္မတ အိုဘားမားက ခေါ်ဆိုထားပြီး ၎င်းတို့အား ဖမ်းဆီးနိုင်ရန် ကြိုးပမ်းခဲ့ ကြသည့် လုံခြုံရေး တပ်ဖွဲ့အား ကျေးဇူးတင် စကားပြောကြား ထားခြင်းကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ယခုအခါ ဘော့စတွန် မြို့ခံများအား ထိတ်လန့် တုန်လှုပ်စေခဲ့သည့် ဘေးအန္တရာယ်ကြီး ကို ဖယ်ရှား ပစ်နိုင်ပြီဟု ဆိုရမည်ပင် ဖြစ်သည်။   

From:  မြ၀တီ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်