Thursday, April 18, 2013

ရည်းစား ၂ဦးရန်ဖြစ်ရာမှ ကောင်လေးက ကောင်မလေးအား ဓားဖြင့်ထိုးသတ် မှုဖြစ်ပွား

Posted by drmyochit Thursday, April 18, 2013, under | No comments



၁၃၇၅ခုနှစ် မြန်မာနှစ်ဆန်း ၁ရက်နေ့ ညပိုင်းအချိန် ၉နာရီခန့်က ကန်တော်ကြီး တစ်နေရာတွင် မိန်း ကလေး အလောင်း တစ်လောင်းအား တွေ့ရှိသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားကာ ရပ်ကွက်နေ ပြည်သူများက သတင်းပေးခဲ့ကြောင်းသိရပါသည် ။

သေဆုံးသူ မိန်းကလေးမှာ အသက် ( 22 ) နှစ်အရွယ်ခန့် ရှိပြီး ချမ်း/တောင်အကွက် ( ၈၆၄ ) တွင်နေ ထိုင်ကာ ----ဓာတ်ဆီဆိုင်တွင် အလုပ်လုပ် ကိုင်လျှက် ရှိကြောင်းသိရပါသည် ။

ရပ်ကွက် အတူနေ အိမ်နီးချင်း တစ်ဦးရဲ့ပြောပြချက်အရ " နှစ်ဆန်း၁ရက်ညနေ ပရိတ် တရားနာတုန်း ကေ တာင် လာသေးတယ် ။ ည ၈နာရီလောက်ကစပျောက်သွားတာပါ " ဟုပြောပြပါတယ် ။

မိသားစုဝင် ၁ဦးရဲ့ပြောပြချက်အရ " ရည်းစားနဲ့သွားချိန်းတွေ့ရင်း အခုလိုဓားနဲ့. ရက်ရက်စက်စက် အ သက် ခံရတာပါ ဟုပြောရင်း အလောင်းကိုပြပါတယ် ။ ၀မ်းဗိုက် ၁၀ချက်ခန့် ထိုးသွင်း ဒဏ်ရာ မျက်နှာရော ပါပါတယ် ဟုပြောပါတယ် ။

သတ်သွားသည်ဟု ယူဆရသော ရည်းစားအား ယခုအချိန်ထိ ရှာဖွေနေဆဲဟု " ပြောကြားသွားပါတယ် ။

ဓာတ်ပုံမှာ အမြင်မသင့်သောကြောင့် အဝေးမှ ရိုက်ထားသော ၁ပုံသာ တင်ပေးလိုက်ပါသည် ။ 
 
 
 
From:opposite eyes 


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်