Thursday, April 18, 2013

မြန်မာတို့ အတွက်ဂုဏ်ယူစရာ

Posted by drmyochit Thursday, April 18, 2013, under | No comments



လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံ၏ နာမည်ကြီး အဆင့် နံပါတ်တစ် တက္ကသိုလ်ဖြစ်သည့် တိုကျို တက္ကသိုလ်၏ ဖိတ်ကြား မှုဖြင့် ၁၇.၄.၂၀၁၃ နံနက် ၁၀ နာရီမှ ၁၁ နာရီ အထိ မြန်မာပြည် ရေးရာနဲ့ ပတ်သက်ပြီး ဟောပြော ပွဲ ပြုလုပ်ခဲ့ရာ လာမည့် ရွေးကောက်ပွဲ ဆိုင်ရာနှင့် ပတ်သက်ပြီး လည်းကောင်း အခြေခံ ဥပဒေ ဆိုင်ရာ အကြောင်းအရာ များနှင့် ပတ်သက်ပြီး လည်းကောင်း အခြား မြန်မာပြည် ဆိုင်ရာ အခြေ အနေများအား ဟောပြော သွားခဲ့သည်..။

အခမ်းအနားသို့ တိုကျို တက္ကသိုလ်၌ ပညာ သင်ကြားနေသော မြန်မာနိုင်ငံသားများ အပါအဝင် ဂျပန် ကျောင်းသား ၄၀၀ ခန့် တက်ရောက်ခဲ့သည်..။

အဆိုပါ တိုကျို တက္ကသိုလ်သို့  ဒေါ်အောင်ဆန်းစုကြည် ဟောပြောရန် ရောက်ရှိလာရာ ခန်းမ အပြင်ဘက်၌ ဂျပန် နိုင်ငံသားများ၊ ကျောင်းသား ကျောင်းသူများမှ လာရောက် ကြိုဆို နှုတ်ဆက် ကြသလို ဟောပြောပွဲ ပြီးပြန်လည် ထွက်ခွာချိန်၌လည်း ဂျပန် ပြည်သူများက အမှတ်တရ လက်မှတ်များ တောင်းခံ သည်ကိုလည်း ရေးထိုး ပေးခဲ့သည်။ယနေ့ တိုကျို တ္ကသိုလ် ဟောပြောပွဲ ကျင်းပရာ ခန်းမ ဝန်းကျင်သို့ အနီးနားမှ အလယ်တန်း ကျောင်သား ကျောင်းသူများ လာရောက် ကြိုဆိုခဲ့ကြသည်ဖြစ်၍ ထူခြားသည်ဆိုရမည်။



From:yoyarlay

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်