Thursday, April 18, 2013

မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ထားမှုများ အီးယူ ရုပ်သိမ်းမည်

Posted by drmyochit Thursday, April 18, 2013, under | No comments



ဥရောပ သမဂ္ဂ (အီးယူ)သည် လာမည့်အပတ် အတွင်း မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှု အားလုံးကို လက်နက် တင်ပို့မှု ပိတ်ပင်ခြင်းမှ လွဲ၍ ရုပ်သိမ်းသွားရန် မျှော်လင့် နေကြောင်း သတင်းရရှိသည်။

ရိုက်တာ သတင်း၏ ဖော်ပြချက်အရ အီးယူသည် မြန်မာနိုင်ငံတွင် မှတ်သားလောက်ဖွယ် ပြုပြင် ပြောင်းလဲမှုများကြောင့် ယခုကဲ့သို့ ပိတ်ဆို့မှုများ ရုပ်သိမ်းပေးသွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ဆိုသည်။ အီးယူသည် ပြီးခဲ့သည့်နှစ်မှ စ၍ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ထားမှုများကို လက်နက် တင်ပို့မှုမှ လွဲ၍ တစ်နှစ်တာ ကာလ ဆိုင်းငံ့ ပေးခဲ့သည်။ သို့သော် ယခု ဆုံးဖြတ်ချက် ပေါ်ထွက်လာပါက မြန်မာနိုင်ငံ အပေါ် ယမန်နှစ်က ကဲ့သို့ ယာယီ ဆိုင်းငံ့ ပေးခြင်းမျိုး မဟုတ်တော့ဘဲ လက်နက် တင်ပို့မှုမှ လွဲ၍ ကျန် ပိတ်ဆို့မှုများ အားလုံးကို အပြီးတိုင် ပယ်ဖျက်ပေးသွားမည်ဖြစ်သည်။

ပိတ်ဆို့မှုများ ပယ်ဖျက်ရေး အတွက် အီးယူ သံအမတ်ကြီးများသည် ယမန်နေ့က ဆွေးနွေးခဲ့ပြီး အီးယူအဖွဲ့ အတွင်း ၀န်ကြီး အဆင့် သဘောတူ အတည်ပြုချက်ကိုမူ တနင်္လာနေ့ ၀န်ကြီးများ အစည်းအဝေးတွင် ပြုလုပ်ဖွယ်ရှိသည်။ အီးယူ၏ ပိတ်ဆို့မှုများ ပယ်ဖျက်ခဲ့ပါက ဥရောပ ကုမ္ပဏီများအားလုံးသည် မြန်မာနိုင်ငံတွင် အခြား နိုင်ငံများနှင့် အပြိုင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။

အီးယူသည် ယခင်က မြန်မာကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၁,၀၀၀ နီးပါးခန့်၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ် ထားခဲ့ပြီး မြန်မာနိုင်ငံ အတွင်းမှ လူပုဂ္ဂိုလ် ၅၀၀ ခန့်ကိုလည်း ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံများသို့ ၀င်ရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။
 
 
 
From:yoyarlay 


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်