Wednesday, May 29, 2013

လားရှိုးမြို့ခံအမျိုးသမီး မီးရှို့ခံရမှုအကြောင်းပြု ဗလီ နှင့် မိဘမဲ့ကျောင်းမီးရှို့ခံရ

Posted by drmyochit Wednesday, May 29, 2013, under | No comments



ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးသိန်းနီကားလမ်းဘေးတွင်  မေလ(၂၇)ရက်နေ့ညနေ (၄း၀၀) နာရီခန့်က မအေးအေးဝင်း (ဘ) ဦးမောင်မောင်ဝင်း၊ (၎င်းရပ်ကွက် နေသူ)သည် တရုတ်ပြည်မှ ၀ယ် လာသော ဆိုင် ကယ် ဆက်စပ် ပစ္စည်းများနှင့် အထုပ်များကို ရေတွက်နေစဉ် ၎င်းနေရာအနီး သို့ဓာတ်ဆီ (ပလတ်စ တစ်ဘူး) (၂)ဘူးဖြင့်ရောက်ရှိနေသောကိုနေ မင်း၊ (ဘ) ဦးဘရွှေ၊ (ကျိုင်းတုံမှ လာသူ)ဆိုသူက နောက်မှ ဓာတ် ဆီဖြင့်ခေါင်း ကိုလောင်း ချလိုက်ရာ အလန့်တကြားဖြင့် လှည့်ကြည့် စဉ်ကိုနေမင်းမှန်း သိ၍မျက်နှာ ချင်း ဆိုင်ရှိ အသိ အိ မ်သို့ ပြေးဝင်ခဲ့ရာ ကိုနေမင်းသည် ထပ်ချပ်လိုက်လံ ပြီး ဓာတ်ဆီဖြင့် ထပ်မံပက်ဖျန်း နေခဲ့သည်။  (အိမ်ရှင်က ရေဖြင့် လောင်းဆော့  ကစားနေသည် ထင်၍မဆွဲမိပါ)ထို့နောက်ကိုနေ မင်းက မီးခြစ်ခြစ်ကာ မီးရှို့ရန် ကြံရွယ်နေစဉ် မအေးအေးဝင်းက အိမ်မီးလောင် မည်စိုး၍အပြင်ပြန် ထွက်လာခိုက် ကိုနေမင်း က မီး ခြစ်ဖြင့် ပစ်ပေါက် မီးရှို့ခဲ့ရာ ဦးခေါင်း၊နောက်ကျော၊ လက်နှစ် ဖက်နှင့် ခြေထောက်နောက် ဘက် နှစ်ဖက်စ လုံးတို့မှာ မီးလောင်ဒဏ် ရာရရှိခဲ့သဖြင့် ရပ်ကွက်ပြည်သူ များက ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ပေးခဲ့သည်။

ဓာတ်ဆီဖြင့် လောင်း၍ မီးရှို့သူနေမင်း ထွက် ပြေးသွားရာ အနီးရှိ ပြည်သူများ က၀ိုင်းဝန်းဖမ်းဆီးခဲ့ပြီး အမှတ်(၁) ရဲစခန်း သို့ ပို့ဆောင်ကာ ဥပဒေ အရအရေး ယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင် ရွက် လျက် ရှိ ကြောင်း သိရသည်။

၎င်းင်းဖြစ် စဉ် အကျိုးဆက်ကြောင့် လားရှိုးမြို့ရပ်ကွက် (၃)ဗလီ (၁)ခု နှင့် လားရှိုးမြို့ ရပ်ကွက် (၃) လမ်း မတော်လမ်းကြက်ခြေနီအသင်း ရှေ့ရှိ မိဘမဲ့မူဆလင်ကျောင်းကို ဒေသခံတချို့က မီးရှို့ခဲ့ကြောင်း မျက်မြင်ဒေသခံများကပြောကြား ခဲ့သည်။

ညဈေးတန်းဗလီသို့ ၀ိုင်းအုံ လာသောသူများကို ဗလီထဲမှ အက်ဆစ်ဖြင့်ပက်သောကြောင့် မီးရှို့ခဲ့ခြင်းဖြစ်ပြီး အက်ဆစ်ထိသူ ကိုရဲတပ်ဖွဲ့ကခေါ်ယူထားကြောင်း ရပ်ကွက် (၁၀) တွင် ည ၉ နာရီ ကျော် အချိန်ခန့် မော်တော် ဆိုင် ကယ် သုံးလေးစီးဖြင့် လူများက အက်ဆစ်ဖြင့် လိုက်ပက်သော ကြောင့်  ရပ်ကွက်နေသူ များက နောက်မှ လိုက်လံ ဖမ်းဆီးနေ ကြောင်း (၃) ရပ်ကွက် အစ်္စလာမ် မိဘမဲ့စာသင်ကျောင်းကို မီးမရှို့ ရန် သံဃာတော် များက တားခဲ့ သော်လည်း နောက်ပိုင်းတွင် မီးရှို့ ခံရကြောင်း၊ စာသင်ကျောင်းနှင့် တွဲလျက်ဖွင့် ထားသော ဆိုင်ခန်း ၁၂ ခန်းခန့်လည်း မီးလောင်သွား ကာဆိုင်များမှပစ်္စည်းများကို လမ်း ပေါ်သယ် ယူဖျက် ဆီးကြကြောင်း၊ (၃) ရပ်ကွက် ABC (RC) တိုက် ခန်း ၁၀ခန်းခန့်လည်း မီးရှို့ဖျက် ဆီးခံ ရကြောင်း လားရှိုး ဆေးရုံ ကြီး၊ ရင်ခွဲရုံအနီးရှိ ဟာဂျီခင် မောင်သန်းအိမ်လည်း  မီးရှို့ခံရ ကြောင်း၊ လားရှိုး ကားဝင်း အနီး တွင်ဆူပူပဋိပက္ခမှုများ၁၂ရပ်ကွက် ဘက်သို့ မကူးအောင် ပြည်သူ များက ပိတ်ဆို့ တားဆီးနေကြ ကြောင်း၊ ယင်းနေ့ ညနေပိုင်းက တည်းက  အရှေ့မြောက်တိုင်း စစ်ဌာနချုပ် မှဗိုလ်မှူးကြီး ရောက် ရှိကာ ပုဒ်မ ၁၄၄ ထုတ်ရန် အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း၊  နယ်မြေခံ သတင်း သမားများ သတင်းယူရန် အခက်အခဲများစွာ ရှိနေကြောင်း သတင်းရရှိသည်။ ည ၁၀နာရီခွဲ ခန့်တွင် ဈေး ဗလီ အောက်နားရှိ မင်းမင်း စတိုးဆိုင်ကို မီးရှို့ခဲ့ ကြောင်း၊ ချစ်တီး ထမင်းဆိုင်ကို လည်း မီးရှို့နေကြောင်း၊ ရပ် ကွက် (၉)ဗလီကိုမီးမရှို့သော်လည်းဖျက် ဆီးခဲ့ကြောင်း၊ လားရှိုးမြို့တွင် ည ၇ နာရီမှ မနက် ၅ နာရီ အတွင်း ညမ ထွက်ရန်အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်ချက်ကိုလိုက်လံကြေညာ နေပြီဖြစ်ကြောင်း ထပ်မံ သိရ သည်။

ရှမ်းပြည်နဂါး (လားရှိုး)
From: The Hot News Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်