Wednesday, May 29, 2013

တာချီလိတ်တွင် လက်နက်နှင့် ပတ်သက်သော ပစ္စည်းကိရိယာများနှင့် စာအုပ်များတွေ့ရှိ

Posted by drmyochit Wednesday, May 29, 2013, under | No comments



ရှမ်းပြည်နယ် တာချီလိတ်မြို့မြောက်ဘက် ငါးမိုင်ခန့်ရှိ မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်း တာဝန်ကျ ဒုရဲ မှူး သန်းစိုး ဦးစီးအဖွဲ့သည် မေ၂၇ ရက် မွန်းလွဲ ၂ နာရီက တာချီလိတ်မှ ကွန်းဟိန်းသို့ ထွက်ခွာလာသည့် ယာဉ်မောင်း စိုင်းကျော်ဇံ(၂၂)နှစ် အမှတ် (၂) ရပ်ကွက် ကွန်းဟိန်းမြို့နေသူ မောင်းနှင်လာသော ရှမ်းေ အာင် လံ မော်တော် ယာဉ်လိုင်းမှ ၅က/………(ဗင်) ယာဉ်အား စစ်ဆေးရာ ယာဉ်၏ နောက်ခန်းမှ သေနတ် ပြောင်းပြု လုပ်၍ ရသည့် သံပိုက်ချောင်းများ နှင့် စစ်လက်နက် စာအုပ်များ တွေ့ရှိခဲ့ရသည်ဟု သတင်းစာ တွင် ဖော်ပြထားပါသည်။

ယခုရက်ပိုင်းအတွင် ရှမ်းပြည်နယ် အတွင်းသို့ တရားမ၀င် လက်နက်အမျိုးမျိုး ၀င်ရောက်နေမှုများ မြင့် တက်လျှက် ရှိပြီး ယခင်ရက်ပိုင်းအတွင်း၌ လည်း  တပ်ရင်းအဆင့်ကို တိုက်ခိုက်နိုင်သည့် လောင်ချာ လက် နက်များ၊ လက်နက်ငယ် များလည်း ဖမ်းဆီးရရှိခဲ့သည်။

From: OPP

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်