Wednesday, May 29, 2013

ဖေ့စ်ဘွတ်ခ်မှ တစ်ဆင့် သွေးဆောင်၍ ပြန်ပေး ဆွဲခံရသည့် ဆယ်ကျော်သက် ကလေးတစ်ဦးအား ရဲတပ်ဖွဲ့ ကယ်တင်ခဲ့

Posted by drmyochit Wednesday, May 29, 2013, under | No comments



ကရာချိ  မေ ၂၈

ပါကစ္စတန် နိုင်ငံတွင် ဖေ့စ်ဘွတ်ခ်မှ တစ်ဆင့် သွေးဆောင် ဖြားယောင်း ခံခဲ့ရပြီးနောက် ဒေါ်လာသန်း တစ်ဝက်ခန့်ဖြင့် ပြန်လည် ရွေးယူရန်အတွက် ပြန်ပေး ဆွဲခံရသည့် ဆယ်ကျော်သက် အရွယ်
အမျိုး သားငယ် တစ်ဦးကို ကရာချိမြို့တော်ရှိ ရဲတပ်ဖွဲ့က မေ ၂၇ ရက်တွင် ကယ်ဆယ် နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူများနှင့် ၎င်း၏ ဆွေမျိုးများက ပြောကြားခဲ့သည်။

ကရာချိမြို့ အနောက်ဘက်ရှိ အကြမ်းဖက်ဂိုဏ်း ပုန်းခိုရာ နေရာမျာကို ရဲတပ်ဖွဲ့က စီးနင်းဝင်ရောက် တိုက်ခိုက် ခဲ့ပြီး ပြန်ပေးဆွဲသူများကို ပစ်ခတ်ဖမ်းဆီးခဲ့ ရာလေးဦး သေဆုံးခဲ့ကြောင်း  သိရသည်။

ပြန်ပေးဆွဲ သူများသည် ၁၃ နှစ် အရွယ်ကလေးများကို အဓိက ပစ်မှတ်ထား၍ ဖေ့စ်ဘွတ်ခ်မှ တစ်ဆင့် မြှူဆွယ်ဖြား ယောင်းခဲ့ကြပြီး ပြန်ပေး ဆွဲလေ့ရှိကြောင်း ကရာချိ ရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိ နီအက်ဇ်ခိုဆိုက ပြောကြားခဲ့သည်။

From: မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်