Monday, May 06, 2013

ဆီးရီးသူပုန်တပ်ဖွဲ့က အစိုးရစစ်တပ်ရဟတ်ယာဉ်အား ပစ်ခတ်တိုက်ခိုက်

Posted by drmyochit Monday, May 06, 2013, under | No comments


ဆီးရီးယား နိုင်ငံတွင် သူပုန် တပ်ဖွဲ့များက စစ်တပ်ပိုင် ရဟတ်ယာဉ် တစ် စင်း အား ပစ်ခတ်ခဲ့ရာ အစိုးရ တပ်ဖွဲ့ ဝင် (၈)ဦး သေဆုံး သွား ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ကာလရှည်ကြာ ဖြစ်ပေါ် နေသော ပြည် တွင်း စစ်နှင့် ပတ်သက်သည့် ဗီဒီယို တစ်ခုကို ဗြိတိန် အခြေ စိုက် ဆီးရီးယား စောင့်ကြည့်ရေး အဖွဲ့က လွှင့်တင် ခဲ့ရာ လက် နက် ကိုင် အချို့သည် ရဟတ်ယာဉ်ပျက်ပေါ်တွင် ရပ်လျှက် ရှိနေ သည်ကို တွေ့ရှိရ သည်။ အဆိုပါ ဗီဒီယိုတွင် ပါဝင်နေသော လက်နက် ကိုင် တော်လှန်ရေး သမားတစ်ဦးက အဆိုပါ ရဟတ် ယာဉ် သည် တနင်္ဂ နွေ နေ့ ညပိုင်းက နိုင်ငံ အရှေ့ပိုင်း ဒီရာအယ်လ်ဇိုအာတွင် ပစ်ချ ထားခြင်း ဖြစ်ကြောင်း အတည် ပြု ပြောကြားထားသည်။ ယင်းနေရာ သည် အီရတ်နှင့် နယ်စပ်အနီးတွင် တည်ရှိသည်။

ဗီဒီယိုထဲတွင် ရုပ်အလောင်းများ စုပြုံတင်ထားသည့် ပစ်ကပ် ထရပ်ကား တစ်စင်း၏ ပုံကိုလည်း ဖော်ပြ ထားပြီး ယင်းတို့အားလုံးသည် သမ္မတ ဘာရှာအာဆက်ဒ်၏ သစ္စာတော်ခံ တပ်ဖွဲ့ဝင် ရဟတ်ယာဉ်ပေါ် လိုက်ပါ လာသူများ ဖြစ်ကြောင်းလည်း သိရသည်။ လတ်တလောတွင် ဆီးရီးယား၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေပြီး နိုင်ငံမြောက်ပိုင်း၊ တူရကီနှင့် နယ်စပ်အနီးရှိ လေတပ် အခြေစိုက် စခန်းတစ်ခု၏ အစိတ် အပိုင်း အတော်များများကိုလည်း ဆီးရီးယား သူပုန်များက သိမ်းပိုက်လိုက်သည်။ အာဆက်ဒ်၏ လေတပ် သည် မန်နားလေဆိပ်တွင် နေရာယူ ဖြန့်ကျက်ထားပြီး ယင်းလေဆိပ်ကို သူပုန်တို့က စီးနင်းရန် ကြိုးပမ်း မှုတွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သော်လည်း အသေအပျောက် ပမာဏကို တိတိကျကျ မသိ ရှိနိုင် သေးကြောင်း သတင်းများက ဖော်ပြသွားသည်။ 

Source: BelfastTelegraph

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်