Monday, May 06, 2013

တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးစနစ် ပြင်ဆင်ရန် စီစဉ်နေ

Posted by drmyochit Monday, May 06, 2013, under | No comments

မြန်မာ နိုင်ငံ ပညာရေး ကဏ္ဍ၏ ပြုပြင် ပြောင်းလဲမှု များတွင် တက္က သိုလ် ၀င်ခွင့် ရွေးချယ်ရေး စနစ် ပြင် ဆင် ရန် ဆောင်ရွက် လျက် ရှိကြောင်း ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ယ နေ့ ပြောကြား သည်။

ပြည်တွင်း၊ ပြည်ပ ပညာရှင်များ နှင့် လွှတ်တော် ကိုယ်စား လှယ်များ က ဝေဖန် ထောက်ပြ လျက် ရှိသော တက္ကသိုလ် ၀င်ခွင့် ရွေးချယ်ရေး စနစ်နှင့် ပတ်သက်၍ အစိုးရ အဖွဲ့က ထုတ်ဖော် ပြောကြား လာခြင်း ဖြစ်သော် လည်း မည်သည့် စနစ်ဖြင့် ပြင်ဆင် မည်ကို မူပြောကြား ခဲ့ခြင်း မရှိပေ။

အဆင့်မြင့် ပညာရေး ကဏ္ဍ အာဆီယံ အဆင့် ဖြစ်ရန် ပြင်ဆင် မှုများနှင့် ပတ်သက်ပြီး ပြောကြား ရာတွင်“ပုဂ္ဂလိက အခန်း ကဏ္ဍကို အားပေးဖို့၊ လွတ်လပ် သော စီမံ ခန့်ခွဲမှု ဖော် ဆောင်ဖို့၊ တက္ကသိုလ် ၀င်ခွင့် ရွေးချယ်ရေး စနစ်ပြင် ဆင်ဖို့၊ အင်္ဂလိပ်စာ တိုးမြှင့် သင်ကြား ရေးနှင့် စက်မှု သက်မွေး ပညာ ကဏ္ဍကို တိုးမြှင့် အားပေး ဆောင်ရွက် လျက် ရှိတာကို အသိ အမှတ် ပြုရမှာ ဖြစ်ပါတယ်”ဟု ဒုတိယ သမ္မတက ပြောကြား ခဲ့ခြင်း ဖြစ်သည်။

မြန်မာ တက္ကသိုလ် အာရှ အဆင့် မီရန် အတွက် အလား အလာ အကောင်းဆုံး တက္ကသိုလ် သုံးလေးခုကို ဦးတည်ချက် ထားကာ ကြိုးစား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပညာရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မြအေးက လည်းပြော ကြားခဲ့သည်။

မြန်မာ နိုင်ငံတွင် ၀န်ကြီး ဌာန သုံးခုက စီမံ ခန့်ခွဲသော တက္ကသိုလ်၊ ကောလိပ် ၁၆၈ ခု ရှိပြီး ဖြစ်သော် လည်း ကမ္ဘာ့ အဆင့် မဆို ထားနှင့် အာရှ အဆင့် မီသော တက္ကသိုလ် တစ်ခုမှ မရှိကြောင်း၊ ၀န်ကြီး ဌာနများ က ကိုယ်ပိုင် စီမံ ခန့်ခွဲ မှု များဖြင့် တာဝန်ယူ ဖွင့်လှစ် နေခြင်း ဖြစ်သည့် အတွက် စံနှုန်း အမျိုးမျိုး ဖြစ် နေကြောင်း၊ ယင်း အခြေ အနေကြောင့် ပညာရေး တွင် ပင်မ ဥပဒေ တစ်ရပ် ပြဋ္ဌာန်းရန် လည်း လွှတ် တော် က တိုက် တွန်း ထား သည်။

From : ..7day 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်