Monday, May 06, 2013

Airbus လေယာဉ် အင်ဂျင်မီးလောင်မှု ဓာတ်ပုံရိုက်မှတ်တမ်းတင်နိုင်ခဲ့

Posted by drmyochit Monday, May 06, 2013, under | No comments


 လုဖ်သန်ဇာ လေကြောင်းလိုင်းပိုင် Airbus လေယာဉ် တစ်စင်းတွင် အင်ဂျင်မီးလောင်မှု ဖြစ်ပွားနေပုံကို လူ တစ်ဦး က အမိအရ ဓာတ်ပုံ ရိုက်ယူ နိုင်ခဲ့ ကြောင်း သိရှိရသည်။ ဖင်လန်နိုင်ငံ၊ ဟယ်လ်ဆင်ကီ လေဆိပ်မှ စတင် ပျံတက် သွားပြီး မကြာမီ မှာပင် အဆိုပါ လေယာဉ်၏ တောင်ပံရှိ ဂျက်အင်ဂျင် တစ်လုံးတွင် မီးလောင် ကျွမ်းမှု စတင် ခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်ရှိ ခရီးသည် များစွာတို့သည် အသက်ဘေး အတွက် စိုးရိမ် တုန်လှုပ် ခဲ့ပြီး အမြင့်ပေ ထောင်နှင့် ချီသည့် နေရာ၌ လေယာဉ် အင်ဂျင်မှ ထွက်ပေါ် လာသော မီးညွန့် များကို သွေးပျက် ထိတ်လန့်စွာ စောင့်ကြည့် နေခဲ့ရသည်။ သို့သော်လည်း လေယာဉ် ပေါ်တွင် လိုက်ပါလာသူ တစ်ဦးမျှ အထိအခိုက် မရှိဘဲ ဘေးကင်းစွာ အရေးပေါ် ဆင်းသက်နိုင်ခဲ့သည်။
မြေပြင် ပေါ်တွင် ရှိသူ တစ်ဦးက Airbus ကုမ္ပဏီ ထုတ် A321-200 အမျိုး အစား လေယာဉ်၏ အင်ဂျင် တွင် မီးများ လောင်ကျွမ်း နေသည်ကို ဓာတ်ပုံ ရိုက်ယူနိုင်ခဲ့သည်။ လေယာဉ်ပေါ်တွင် လူပေါင်း (၁၆၈)ဦး လိုက်ပါ လာ ခဲ့ကြောင်း လည်း သိရသည်။ လေယာဉ်၏ ဂျက်အင်ဂျင်တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးစတင် လောင် ကျွမ်းခြင်း ဖြစ်သည်။ ဂျာမနီသို့ ဦးတည် ပျံသန်းသည့် လေယာဉ်တွင် အင်ဂျင်တစ်လုံး မီးလောင် ကာ လုပ်ဆောင်မှု ရပ်ဆိုင်းသွားသည့်နောက် ကျန်အင်ဂျင်ကို အသုံးပြုကာ ထိန်းသိမ်း ဆင်းသက်ခဲ့ရသည်။

လေယာဉ်မှူးသည် ဂျက်လေယာဉ်ကို ထိန်းချုပ်နိုင်အောင် အသည်းအသန် ကြိုးစား တိုက်ပွဲဝင်ခဲ့ရပြီး ဟယ်လ် ဆင် ကီသို့ ဦးပြန်လှည့်ခဲ့သည်။ ထို့နောက် စနေနေ့ ညနေပိုင်းတွင် စတင်ပျံတက်ပြီး မိနစ်(၂၀)အကြာ ၌ ပြန်လည် ဆင်းသက်နိုင်ခဲ့သည်။ ဟယ်လ်ဆင်ကီရှိ ဗန်တား လေဆိပ်မှာ တာဝန်ရှိသူ တစ်ဦးက "လုဖ်သန် ဇာ လေယာဉ်တစ်စင်း မိနစ်(၂၀)အတွင်း အရေးပေါ် ပြန်ဆင်းသက်ခဲ့ရတယ်။ လေယာဉ်ရဲ့ အင်ဂျင် မှာ ချွတ်ယွင်းချက်တွေ ဖြစ်ပေါ်လာလို့ပါ"ဟု တရားဝင် ပြောကြားခဲ့သည်။ လေယာဉ်သည် ဟယ်လ် ဆင် ကီမှ ဖရန့်ခ် ဖတ်သို့ ဦးတည် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

"အင်ဂျင်မှာ ပြဿနာတစ်ခု ရှိနေပြီး အခြေအနေ ဆိုးလာတာကို လေယာဉ်မှူးက လှမ်း အကြောင်း ကြားခဲ့ တယ်လေ"ဟု လေဆိပ် ထိန်းချုပ်ရေး မျှော်စင်မှ ပညာရှင် တစ်ဦးက ဆိုသည်။ လေယာဉ် အရေးပေါ် ဆင်း သက်ပြီး နောက် ထိတ်လန့်နေသည့် ခရီးသည်များကို ဟိုတယ်သို့ ပို့ဆောင်ပေးခဲ့ရသည်။ ယခုပြ ဿနာ အတွက် လေကြောင်း လိုင်းနှင့် Airbus ကုမ္ပဏီတို့ ပူးပေါင်းကာ စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရှိ ရသည်။ 

Source: DailyMail
From: Planet Myanamr Network 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်