Monday, May 06, 2013

အငြင်းပွားနယ်မှ တပ်များ အိန္ဒိယနှင့် တရုတ်တို့ရုတ်သိမ်း

Posted by drmyochit Monday, May 06, 2013, under | No comments



နယူးဒေလီ၊ မေ ၆။


တရုတ် တပ်များနှင့် အိန္ဒိယ တပ်များသည် နှစ်နိုင်ငံ နယ်စပ် အနီး အငြင်းပွား နယ်မြေမှ စတင် ဆုတ်ခွာ နေကြပြီ ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။

လွန်ခဲ့ သည့် လကစတင်၍ အိန္ဒိယစစ်သားများကို နယ်မြေကျော်ဝင်လာသော တရုတ်စစ်သားများနှင့် မျက်နှာ ချင်းဆိုင် တွင် စခန်းများ ဆောက်လုပ် စခန်း ချရန် အမိန့် ပေးခဲ့ ကြောင်း သိရသည်။

၎င်းနောက် နှစ်နိုင်ငံ ဆွေးနွေး ပွဲများ ပြုလုပ် ခဲ့ပြီး တနင်္ဂနွေ နေ့တွင်မှ  တပ်များကို နှုတ်သိမ်း ရေး သဘော တူညီ ခဲ့ကြ သည်။

တရုတ်နှင့် အိန္ဒိယတို့သည် ဟိမဝန္တာတောင်တန်းနယ်မြေများတွင် နယ်မြေအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီး ၁၉၆၂ တွင် စစ်ပွဲငယ်တစ်ပွဲ လည်း ဖြစ်ပွားခဲ့သည်။

နှစ်ဦး နှစ်ဖက် တင်းမာမှုများ ရံဖန်ရံခါဖြစ်ပွားပြီး နယ်စပ်အရေးဆွေးနွေးမှုများစွာရှိခဲ့သော်လည်း အောင်မြင်မှု မရှိ သေးပေ။


အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဆာယိ အက်က ဘာရတ် ဒင်က အိန္ဒိယနှင့် တရုတ်သည် တပ်များ နှုတ်ဖယ် ရေးကို သဘော တူညီ ထားကြပြီး ဖြစ်ကြောင်း ဘီဘီစီကို ပြောကြားသည်။

နယ်ခြား စောင့် တပ် အကြီး အကဲများ တွေ့ဆုံပွဲမှ  သဘောတူညီတစ်ခုခိုင်မာစွာချမှတ်နိုင်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အိန္ဒိယ အရာရှိ များက ဧပြီ ၁၅ရက်မှ စတင်၍ တရုတ်တပ်များသည် ကက်ရှမီးယားနယ်အရှေ့ပိုင်းရှိ လာဒက်ရှ် ဒက်ဆန် တောင်ကြားတွင် အိန္ဒိယ ပိုင်နက် မြေ အတွင်း ခြောက်မိုင်ခန့် ကျူးကျော် ဝင်ရောက် ကြောင်း စခန်းချ ကြောင်း စွပ်စွဲခဲ့သည်။တရုတ်ဘက်မှ ၎င်းအဆိုကို ငြင်းဆိုခဲ့ သည်။

ယခု တပ်ရုတ်သိမ်းခြင်းများသည် တရုတ်ဝန်ကြီးချုပ် အိန္ဒိယသို့မလာမီ တရုတ်သို့ လာရောက်မည့် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ခရီးစဉ် မတိုင်မီ တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။


အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးသည် တရုတ်နိုင်ငံကို မေလ ၉ ရက်တွင် သွားရောက်မည်ဖြစ်ပြီး တရုတ် ဝန်ကြီး ချုပ်သည် ၎င်း၏ ပထမဆုံးနိုင်ငံခြား ခရီးစဉ်အဖြစ် မေ ၂၀ တွင် အိန္ဒိယသို့ လာရောက် မည်ဖြစ် ကြောင်း သိရသည်။

Ref:BBC
From: မြန်မာ့ခေတ် 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်