Saturday, May 11, 2013

မဟာဆန်မုန်တိုင်း ၄၈ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းဆီ ပြန်လှည့်လာနိုင်

Posted by drmyochit Saturday, May 11, 2013, under | No comments


မန္တလေး၊ မေ ၁၁

အိန္ဒိယ မိုးလေ၀သဌာနရဲ့ ခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေတဲ့ မဟာဆန် မုန်တိုင်း (ယခင်-၀မ်း)ဟာ လတ်တလော အခြေအနေမှာ အနောက်မြောက်ဘက်ဆီ ဦးတည်ရွေ့ လျားနေ ရာ က နောက်ထပ် ၄၈ နာရီအတွင်း အရှေ့မြောက်ဘက်ကို ပြန်လှည့်ကာ ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုး တန်းဆီ ဦးတည် သွားနိုင်ကြောင်း သိရပါတယ်။

ဒီကနေ့ မဟာဆန်ရဲ့ လေတိုက်နှုန်းဟာ ၁ နာရီ မိုင် ၅၀ ကျော်ရှိရာက မနက်ဖြန် မေ ၁၂ ရက်မှာ ၁ နာရီ ၇၅ မိုင် အထိ၊ မေ ၁၃၊ ၁၄၊ ၁၅ ရက်များမှာ ၁ နာရီ မိုင် ၉၀ အထိ ပြင်းထန်လာနိုင်ပြီး၊ ကုန်းတွင်းပိုင်းကို မေ ၁၆ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဗဇားခရိုင်ဆီ ဦးတည်ဝင်ရောက်နိုင်ကြောင်း၊ ရခိုင်ပြည်နယ် မြောက် ပိုင်းဒေ သများလည်း မုန်တိုင်းရဲ့ ရိုက်ခတ်မှုကို ခံရနိုင်ကြောင်း သိရပါတယ်။

မြန်မာဓိက

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်