Sunday, June 16, 2013

အမျိုးသမီး အဖွဲ့အစည်းလေးဖွဲ့ပေါင်း ပြီး အမျိုးစောင့် ဥပဒေ မူကြမ်း တင်သွင်း ရန် ကြိုးပမ်း မှု နှင့် ပက်သက် ၍ သဘော ထား ထုတ်ပြန် ချက်

Posted by drmyochit Sunday, June 16, 2013, under | No comments

ရက်စွဲ ။ ။ ဇွန်လ ( ၁၆)ရက် ၊ ၂၀၁၃ ခုနှစ်

တနင်္ဂနွေနေ့
၁) ၂၀၁၃ ခုနှစ် ဇွန်လ (၁၃)ရက် နေ့ တွင်ပြုလုပ်ခဲ့သော မျိုးစောင့်ဥပဒေ ဆိုင်ရာ အကြိုညှိ နှိုင်း ပွဲမှ ဗုဒ္ဓဘာသာဝင် အမျိုးသမီး များအား ဘာသာခြား နှင့် အိမ်ထောင်ပြုခြင်း ကို ကန့်သတ်သည့် ဥပဒေမူကြမ်း ကို တရားဝင် အတည်ပြုနိင်ရေး အတွက် လွှတ်တော် ကိုတင်ပြ မည့် အစီအစဉ် ကို ကြေညာခဲ့သည်။
၂)၄င်းကဲ့ သို့ ဗုဒ္ဓဘာသာဝင် အမျိုးသမီး များ၏ တစ်ဦး ချုင်းလွတ်လပ်မှု အခွင့်အရေး ကိုချုပ်ချယ် ရန်ကြိုးစား မှုသည် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း အပိုဒ် (၁၆) ပါ -- အရွယ်ရောက်ပြီးသူ အမျိုးသား အမျိုးသမီးတိုင်း၏ လွတ်လပ်စွာ လက်ထပ်ထိမ်းမြှားခွင့် ကို ချိုးဖောက်ခြင်းဖြစ် သည်။

၃)အမျိုးသားရေး နှင့် ဘာသာရေး အစွန်းရောက်မှု အတွေး အခေါ် ကို အခြေခံသော မျိုးစောင့်ဥပဒေ အယူ အဆ သည် လူတစ်ဦးချင်းလွတ်လပ် မှု အခွင့် အရေး ကို ဝင်ရောက်စွက်ဖက်မှု ဖြစ်သ ကဲ့ သို့၊ လူ တစ်ဦး (သို့မဟုတ်) အမျိုး သမီး တစ်ဦးချင်းစီ ၏ ပုဂ္ဂလ ရွေးချယ် မှု အပေါ် စွက်ဖက် ထိမ်းချုပ်ခြင်းလည်းဖြစ်သ ဖြင့် လက်ခံ နိုင်ဖွယ် မရှိချေ။

၎) ဤ အမျိုးစောင့် ဥပဒေ ကြမ်း အယူအဆသည် ဗုဒ္ဓဘာသာဝင် အမျိုးသမီး တို့၏ ပုဂ္ဂလိ က လွတ်လပ်မှု ကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည့် အပြင် ၊ အမျိုးသမီး တို့ ၏ ဆင်ခြင်တုံ တရား ကို အထင်သေး စော်ကားခြင်းလည်းဖြစ် သည်။

၅)လက်ရှိ မြန်မာနိင်ငံ ၏အသွင်ကူးပြောင်းမှု အပေါ် နှောက်ယှက် ဟန့်တားလိုသော မသမာ သော လူတစ်စု ၏ ရန်ကို ကာကွယ်နိင်ရန် အတွက် လူမျိုး ဘာသာမရွေး ၊ ကျား -မ မရွေး ၊ အရပ်ဖက်လူ့ အဖွဲ့ အစည်းများ ၊ ဒီမိုကရေစီ အင်အားစု အားလုံး အပါအဝင် ပြည်သူ တစ်ရပ်လုံး မတူ ကွဲ ပြား သည့် ဖြစ် တည် မှု များ ကို အပြန် အလှန် လေး စား တတ် သည့် အလေ့ အထ ကို မွေး မြူ ရင်း ၊ ညီညွတ်ကြရမည့် အချိန်ဖြစ်သည်။

၆) မျိုးစောင့် ဥပဒေ ကို သာ အတည်ပြုခဲ့ ပါ က ဗုဒ္ဓဘာသာ သည် အခြား ဘာသာဝင်များ နှင့် ရော စပ် ယှဉ် တွဲ နေထိုင်ရန် ယုံ ကြည် မှု ကိုယ်ခံ အား နည်း သော ၊ နိမ့်ကျစိတ်ကို အခြေခံသော၊ မလုံမခြုံ ခံစား နေ ရသော ဘာသာ ၊ သာသနာ ဖြစ် သည် ဟု ဆိုလို ရာရောက်ပေလိမ့်မည်။

၇) ဤသို့သော ၊ လူ့ အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး ၊ နိင်ငံရေး ၊ ဘာသာရေး နှင့် စိတ်ပညာ အမြင် များကို အခြေခံ ၍ - မျိုးစောင့် ဥပဒေ မူကြမ်း တင်သွင်းရေး ကို ပြင်းထန်စွာ ရှုတ်ချ ပြီး၊ ဗုဒ္ဓဘာသာ ဝင် အမျိုးသမီး ထု အနေဖြင့် မိမိ တို့ လွတ်လပ်မှု ကိုစွက်ဖက် ထိမ်းချုပ်လိုသော ၊ အမျိုးသမီး ထု ၏ ဆင်ခြင်တုံ တရား ကို ထိပါး စော် ကား သော ဤ မျိုးစောင့်ဥပဒေ ကို ညီညွတ်စွာ ဆန့်ကျင် ကြပြီး၊ ပြည်သူတစ်ရပ်လုံး အနေဖြင့်လည်း ဒီမို ကရေစီ အသွင်ကူးပြောင်း မှု ကို နှောက်ယှက် ဟန့်တား လိုသော မသမာ သူ တစ်စု ၏ မရိုးဖြောင့်သော နည်းပရိယာယ် ကို အစဉ် မပြတ် သတိရှိ ကြရန် တိုက်တွန်း နှိုးဆော် အပ်ပါသည်။

၈) ယခု ကြေညာချက် ကို လွတ်လပ်မှု့ နှင့် လူသား ၏ ဆင်ခြင်တုံ တရား ကို လေးစား တန်ဖိုးထား မြှင့်တင်လို သော မည့်သည့် အမျိုးကောင်းသား အမျိုးကောင်းသမီး မဆို မိမိ တို့ နှင့် သဘောထား တူ မျှ ပါက လွတ်လပ်စွာ ဖြန့် ဝေ ခြင်းဖြင့် ပူးပေါင်းပါဝင်နိုင်ပါသည်။

RAINFALL - အမျိုးသမီး အဖွဲ့ အက္ခရာ အမျိုးသမီးအဖွဲ့ Colourful girls ရောင်စုံ မိန်းကလေး များ အဖွဲ့ KWEG- ကရင်အမျိုးသမီးဖွံ့ဖြိုးရေး အဖွဲ့

Kumudra

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်