Sunday, June 16, 2013

ဆန္ဒပြသူများအား တူရကီရဲတပ်ဖွဲ့ ဖြိုခွင်းမှု (ရုပ်/သံ)

Posted by drmyochit Sunday, June 16, 2013, under | No comments

ဇွန်လ ၁၅ ရက်၊ စနေနေ့တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ တက်ခ်ဆင်မ်ရင်ပြင်၌ စုရုံးဆန္ဒပြသူ များအား ရဲ တပ်ဖွဲ့က လူစုခွဲဖြိုခွင်းခဲ့သည်။ တူရကီတွင် အစ္စတန်ဘူလ်ရှိ ဂါဇီပန်းခြံအား ဈေးဝယ်စင် တာ အပါ အဝင် အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းဆောင်ရွက်ရန် အစိုးရ၏စီစဉ်မှုကို ဆန့်ကျင် ကန့်ကွက်ခဲ့ရာမှ ဆန္ဒပြမှုများ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။

တူရကီဝန်ကြီးချုပ် အာဒိုဂန်က ဂါဇီပန်းခြံ စီမံကိန်းကို ဆိုင်းငံ့ထားမည်ဟု ကတိပြုပြောကြားပြီး ဆန္ဒပြ သူများကို တက်ခ်ဆင်မ်ရင်ပြင်မှ ၂၄ နာရီအတွင်း ထွက်ခွာ၍ ဆန္ဒပြမှုများ ရပ်ဆိုင်းရန် သတိပေးခဲ့သည်။ ဝန်ကြီး ချုပ်အာဒိုဂန်၏ အဆိုပါသတိပေးချက် ထွက်ပေါ်လာပြီးနောက် တက်ခ်ဆင်မ်ရင်ပြင်အား ရဲတပ်ဖွဲ့ က ရှင်းလင်းဖြိုခွင်းခဲ့ခြင်း ဖြစ်သည်။




From:   Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်