ဧပြီ ၁၆ ရက်က စင်ကာပူမှ မြန်မာနိုင်ငံသို့ MAI လေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် ကချင် အမျိုး သမီးငယ် တစ်ဦးသည် လေဆိပ်သို့ ရောက်ရှိပြီးချိန်တွင် စိတ်မမှန်သည့် ပုံစံမျိုး ဖြစ်နေကြောင်း၊ ထပ်မံ၍ ဇွန် ၉ ရက် ကလည်း စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ Golden Myanmar လေကြောင်းလိုင်းဖြင့် ပြန်လာ သည့် ချင်းတိုင်းရင်းသူ အမျိုးသမီးငယ် တစ်ဦးမှာလည်း ထိုသို့ပင် စိတ်မမှန်သည့် ပုံစံမျိုးဖြင့် ပြန် လည်ရောက် ရှိ လာသဖြင့် လေဆိပ်တာဝန်ရှိသူများက အမျိုးအဆွေများအား ရှာဖွေအပ်နှံ ပေးနေ ရကြောင်း လေကြောင်း လိုင်း အချို့ထံမှ စုံစမ်းသိရှိရသည်။
လေကြောင်း အသိုင်းအ၀ိုင်းမှ ဖြစ်စဉ်များကို သိရှိသူ တစ်ဦးက ''စင်ကာပူကနေ ပြန်လာတဲ့ အမျိုး သမီးငယ်တွေ ချည်းပဲ ဖြစ်နေတာ တွေ့ရတယ်။ ပထမတစ်ယောက် ဆိုရင် အသက် ၂၄ နှစ်အရွယ် ကချင် မလေး။ လေဆိပ်ရောက်တော့ ကိုယ့်ပစ္စည်းတွေလည်း ကိုယ်သယ်ဖို့ သတိမရဘူး။ အငှားကားပေါ် တက် ထိုင်နေပြီး ငိုလိုက်ရပ်လိုက်၊ ငိုလိုက်ရပ်လိုက် ဖြစ်နေတယ်။ ဘာမှ မေးလို့မရဘူး။ ဘာကိုမှလည်း သတိမ ရဘူး။ ဒုတိယ တစ်ယောက်လည်း အဲဒီလိုပဲ ငိုလိုက်ရပ်လိုက်၊ ငိုလိုက်ရပ်လိုက် ဘာမှ သတိမရဘူး။ တာဝန်ရှိ သူတွေက အိတ်တွေဖွင့်ပြီး ဆက်သွယ်လို့ရမယ့် ဖုန်းတွေလိုက်ရှာပြီး လုပ်ပေးလိုက်တယ်။ ပထမ တစ်ယော က်ဆိုရင် မြစ်ကြီးနားက ကောင်မလေးပါ။ ဆွေမျိုးရင်းချာအထိ ဆက်သွယ်လို့ မရတဲ့အတွက် ကမ္ဘာအေး အမျိုးသမီး စောင့်ရှောက်ရေးအဖွဲ့က လာခေါ်ပေးသွားတယ်လို့ ကြားရတယ်။
ဒုတိယတစ်ယောက် ကတော့ ဦးလေးတော်တဲ့သူနဲ့ အဆက်အသွယ်ရတော့ လာခေါ်သွားတယ်လို့ ကြား ရတယ်။ အဲဒီမှာ တူတဲ့အချက်တွေက ငိုလိုက်ရပ်လိုက်ဖြစ်တာ၊ မှတ်ဥာဏ်ပျောက်နေတာ၊ အမျိုး သမီး ငယ်တွေ ဖြစ်နေသလို လေယာဉ်ပေါ်မှာလည်း တစ်ယောက်တည်းစီပဲ ပါလာတာတွေက တူနေတယ်။ အစက တည်းက စိတ်မမှန်ဘူးဆိုရင် လေယာဉ်စီးဖို့ မဖြစ်နိုင်သလို တစ်ယောက်ယောက် အစောင့် ပါလာမှာပဲ။ တစ်ယောက်လောက် ဒီလိုဖြစ်တယ်ဆိုတာ အကြောင်းကြောင်းကြောင့်လို့ ပြောလို့ရပေမယ့် ပုံစံ တူ နှစ်ယောက် ဖြစ်လာတဲ့ အတွက်တော့ သေချာစိစစ် သင့်တယ်လို့ ထင်တယ်။
ဥပမာ- ဆေးဝါး တစ်ခုခုကြောင့် အသိဥာဏ် ပျောက်သလား ဆိုတာမျိုးပေါ့။ သွေးရိုးသားရိုး ဖြစ်တာက ပြဿ နာ မဟုတ်ပေမယ့် တစ်ခုခုကြောင့်ဆိုရင် ရှောင်တိမ်းနိုင်အောင် စစ်သင့်တယ် ထင်တယ်။ နှစ်ယောက် စလုံး အနေအထားက အောက်ခြေ အလုပ်လုပ်တဲ့ ပုံစံမျိုးလေးတွေပါ'' ဟု ပြောပြခဲ့သည်။
From: Eleven
Friday, June 14, 2013
စင်ကာပူမှ မြန်မာအမျိုးသမီးငယ်အချို့ စိတ်မမှန်သည့် ပုံစံမျိုးဖြင့် ပြန်ရောက်လာမှုများရှိနေ
Posted by drmyochit
Friday, June 14, 2013, under မြန်မာသတင်းများ | No comments
Time in Rangoon

0 comments:
Post a Comment