Monday, June 24, 2013

အင်ဒိုမီးခိုးတွေကြောင့် မလေးရှားမှာ အရေးပေါ်အခြေနေ ကြေညာ

Posted by drmyochit Monday, June 24, 2013, under | No comments


အင်ဒိုနီးရှားနိုင်ငံ ​တောမီးလောင်မှုကနေ ​ထွက်လာတဲ့ ​မီးခိုးတွေကြောင့် ​စင်္ကာပူနိုင်ငံသားတွေ ​ဒုက္ခရောက်နေတုန်း ​ခုအခါမှာ ​နောက်အိမ်နီးချင်းနိုင်ငံ ​ဖြစ်တဲ့ ​မလေးရှားနိုင်ငံကို ​ကူးစက်သွားပြီလို့ ​သိရပါတယ်။


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အထိ မီးခိုးတွေဖုံးအုပ်နေ (Credit: AFP) 

အင်ဒိုနီးရှားနိုင်ငံက ​မီးခိုးတွေကြောင့် ​မ ​လေး ​ရှား ​နိုင် ​ငံ ​ရဲ့ ​တောင် ​ပိုင်း ​ရှိ ​ပြည်နယ် ​နှစ် ​ခု ​က ​လေထုညစ်ညမ်းမှုဟာ ​အန္တရာယ်ရှိတဲ့ ​အဆင့်ကို ​ရောက်သွားပြီး ​၈ ​နှစ်တာကာလအတွင်း ​ပထမဆုံး ​အကြိမ် ​လေထု ​ညစ်ညမ်းမှု ​ဆိုင်ရာ ​အရေးပေါ် ​အခြေအနေ ​ထုတ်ပြန် ​ခဲ့ရတယ်လို့  ​သိရပါတယ်။

မိုးတွေရွာသွန်းမှသာ ​လေထု ​သန့်စင်မယ်လို့ ​ယုံကြည်တဲ့အတွက် ​လေထုညစ်ညမ်းမှု ​အဆိုးဝါးဆုံး ​ခံနေရတဲ့ ​ဒေသမှာ ​မိုးရွာတဲ့ ​အခြေအနေဖြစ်လာအောင် ​သိပ္ပံနည်းနဲ့ ​ဖန်တီးဖို့ ​ကြိုးစားမှုတွေ ​လုပ်ဆောင်သွားမယ်လို့ ​သိရပါတယ်။

မလေးရှားနိုင်ငံမှာ ​မီးခိုးဒဏ်ကို ​နှစ်စဉ်ခံစားရလေ့ရှိပေမယ့် ​ဒီနှစ်မှာ ​အခြေအနေဆိုးလွန်းတဲ့အတွက် ​အရေးပေါ် ​အခြေအနေ ​ထုတ်ပြန်ခဲ့ရပြီး ​လမ်းတွေပေါ်မှာလည်း ​လူသွားလူလာ ​နည်းကုန်တဲ့အတွက် ​စီးပွားရေးတွေ ​ထိခိုက်နစ်နာရတယ်လို့ ​သိရပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​မလေးရှားနိုင်ငံ ​သဘာဝပတ်ဝန်ကျင်းဆိုင်ရာ ​ဝန်ကြီးက ​အင်ဒိုနီးရှားနိုင်ငံ ​သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ​ဝန်ကြီးနဲ့ ​လာမယ့် ​ဗုဒ္ဓဟူးနေ့မှာ ​တွေ့ဆုံဆွေးနွေးဖို့ ​ရှိတယ်လို့ ​သိရပါတယ်။

စင်္ကာပူအစိုးရကလည်း ​ဒီကိစ္စကို ​ကိုင်တွယ်ဖြေရှင်းဖို့ ​အင်ဒိုနီးရှားအစိုးရကို ​တောင်းဆိုထားပါတယ်။

From: ABC Radio Australia

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်