Monday, June 24, 2013

Android ဖုန်းနောက်ဆုံး ထွက်တွေကိုလည်း Root နိုင်တဲ့ V 1.4.1

Posted by drmyochit Monday, June 24, 2013, under | No comments



ဒီ Root Tool လေးကိုတွေ့တာတော့ ကြာပြီ ဒါပေမယ့် တကယ်မစမ်းရသေး
တော့ မတင်ဖြစ်သေးတာ အခုတော့ တကယ်တင်လိုက်ပြီ တကယ်ရလို့ပါ
နောက်ဆုံးထွက်ဖုန်းတွေအကုန်လုံးကိုရတယ်ဗျာ ကျွန်တော်ကိုယ်တိုင်စမ်းကြည့်ပြီးတော့
မှ သိတာ အဓိကကတော့ Sony တို့ Huawei တို့ပေါ့ အဲကောင်တွေက ရစ်တယ်လေ
bootloader unlock လုပ်ခိုင်းတယ် အဲကုဒ်ကိုလည်း ယူဖို့ ၂ ရက်လောက်
စောင့်ရသေးတယ် အဲဒါအချိန်တွေကုန်တယ် ဒီကောင်ကတော့ မိုက်တယ်
one click အဲကောင်တွေမလိုဘူး

နာမည်ကတော့ V root လို့ခေါ်တယ်ဗျ version က 1.4.1 ပါ တရုတ်ဆော့ဝဲပါ

File size: 4MB

Root လုပ်နည်း(သေချာဖတ်ပေးပါ)
==========

ဒီဖိုင်လေးကိုဒေါင်းပြီးတော့ အင်စတောလုပ်လိုက်ပါပြီးရင်
အင်တာနက်လိုအပ်ပါတယ် ဖိုင်တွေကို ပြန်ဒေါင်းရသေးတယ်သူက
သူ့ အတန်းလေးပြည့်သွားရင် စပီး root လို့ရပီ
ready ဖြစ်ပီ အရင်ဆုံးကွန်ပျူတာမှာတော့
ကိုယ် Root မယ့်ဖုန်းရဲ့ USB debugging လုပ်ထားရမယ်
ပြီးတော့ ကွန်ပျူတာမှာ USB Driver တွေသွင်းထားရမယ် အဲဒါဆိုရင်
ရပြီ ကြိုးထိုးလိုက် ပြီးရင် အဲဒီဆော့ဝဲလေးမှာ ကိုယ်တပ်လိုက်တဲ့
ဖုန်းရဲ့ Model ပေါ်နေရင် အိုကေပီ Root သာနှိပ်ပစ်လိုက်တော့
ပြီးရင် ဖုန်းက Auto reboot ကျပြီးတော့ Recovery mode ထဲကို
ရောက်သွားမယ် အဲဒီအချိန်မှာ ဘာမှမလုပ်ပါနဲ့ ဒီအတိုင်းထားလိုက်ပါ
သူ့အလိုလို ပြန်ပီး reboot ကျသွားပြီးရင် Android လေး
 မှာ Root ပြီးသွားပါပြီ ဖုန်းမှာ Vroot icon လေးပေါ်သွားမယ်
Root checker တွေဘာတွေနဲ့စစ်ကြည့်ပါ
Superuser တော့ပေါ်နေမှာမဟုတ်ဘူးနော် ဘော်ဒါတို့
ဆော့ဝဲကို ကွန်ပျူတာတစ်လုံးမှာ ပထမဆုံးသွင်းသွင်းချင်းပဲ အင်တာနက်ကနေ
ပြန်ဒေါင်းတာပါနောက်ပိုင်းတော့ အင်တာနက်မရှိလည်း အလုပ်ဖြစ်ပါတယ်
 ~~~~~~~~~~~~~
အောင်ကျော်ခိုင်(ပုသိမ်)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်