Friday, June 28, 2013

မိုင်းဖောက်ခွဲ ဖျက်ဆီး ခံခဲ့ရသော လဂျားယန် အနီးရှိ မိုးလဲတံတား ပြန်လည်ပြုပြင်

Posted by drmyochit Friday, June 28, 2013, under | No comments





ဗန်းမော် မြစ်ကြီးနား ကားလမ်း မိုးမောက်မြို့နယ် လဂျားယန်၊ လိုင်ဇာဝင်ပေါက် အနီးရှိ မိုးလဲချောင်း ဖြတ်ကူးသည့် ဘေလီတံတား အား KIA အဖွဲ့မှ ဖောက်ခွဲ ဖျက်ဆီးခဲ့ရာ ၂ဝ၁၃ခုနှစ်၊ ဇွန်လကုန်တွင် ပြန်လည် ပြုပြင် ပြီးစီးမည် ဖြစ်သည်။

အဆိုပါ တံတားအား KIA အဖွဲ့မှ စစ်ရေးကို အကြောင်းပြကာ ၂ဝ၁၁ခုနှစ်၊ ဇူလိုင်လ လောက်က ဖောက်ခွဲ ဖျက်ဆီးခဲ့ရာ ဗန်းမော်-မြစ်ကြီးနား သွားလာမှုများ ပြတ်တောက် ခဲ့ရသည်။ အလားတူ ဗန်းမော်မြစ်ကြီးနား ကားလမ်းပေါ်ရှိ တံတား အများအပြားအား  KIA အဖွဲ့မှ ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။ အဆိုပါ မိုးလဲတံတားသည် သံဘောင်ဘေလီ တံတားဖြစ်ပြီး ပေ ၃၇ဝ အရှည်ရှိသည်။ ဖောက်ခွဲ ဖျက်ဆီးမှုကြောင့် အရှည် ၂ဝပေ၊ အနံ ၁ပေ၊ ဗျက် ၆လက်မ၊ သံဘောင်ယက်မကြီး ၃ခုနှင့် ၁ဝပေ ဘေလီသံဘောင်အချို့ပျက်စီးကာ မော်တော်ယာဉ်များ သွားမရအောင် ပျက်စီးခဲ့ရသည်။

၎င်းသံဘောင်ကြီးများအား မိုးမောက်မြို့နယ် အစိုးရ ဆောက်လုပ်ရေး အဖွဲ့မှ အစားထိုး ပြုပြင်၍ တည်ဆောက်ခဲ့ရာ ဆွေးမြေ့သော သစ်သားများ ပြန်လဲရန်သာ အနည်းငယ် ကျန်ပြီး ယခုအခါ ကားများ ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်သည်။ တံတားနှင့်ပတ်သက်၍ ဗန်းမော်-မြစ်ကြီးနားသွား ''မနောဧရာ'' ယာဉ်လိုင်းစီး ခရီးသည်တစ်ဦးမှ'' ဒီတံတားကြီး (၃)နေရာ ဖောက်ခွဲခံရပြီး ကားလုံးဝ သွားလို့ မရတော့ဘူး၊ ဒါ့ကြောင့်ချောင်းရဲ့ အောက်ဘက် ရေတိမ်တဲ့ မန်သဲရွာနားမှာ သစ်သားတုံးနဲ့ ယာယီတံတား ဆောက်လုပ် ပြီးသွား နေရတယ်၊ မိုးရာသီ ရေများလာရင် တံတားပါ ရေမျောသွားပြီး သွားလို့ရမှာ မဟုတ်တော့ဘူး၊ မိုးရာသီအမီ ဒီတံတားကြီး ပြုပြင်ပြီးစီးသွားလို့ ကားသွားလာမှု မပျက်တော့ဘူးပေါ့ အဆက်အသွယ် မပျက်တော့တဲ့ အတွက် အတော်ဝမ်းသာ မိပါတယ်'' လို့ပြောကြား ခဲ့ပါတယ်။

ဗန်မော်မြို့မှပေးပို့သော ကိုနေလင်းအား အထူးပင် ကျေးဇူး တင်ရှိပါသည်။
Today Myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်