Friday, June 28, 2013

ငါးနှစ်အတွင်း တစ်နိုင်ငံလုံးမိုဘိုင်းကွန်ယက်များ တည်ထောင်မည်ဟုTelenor မှ ကြေညာ

Posted by drmyochit Friday, June 28, 2013, under | No comments



မေလ ၁၆ရက်နေ့တွင် ပြုလုပ်ခဲ့သည် Telenor ကုမ္ပဏီမှ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ

ရန်ကုန်၊ ဇွန် ၂၇။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်ရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီ တစ်ခုဖြစ်သည့် နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော် ဆက်သွယ်ရေးလုပ်ငန်းမှ HSPA နှင့် LTE-ready နည်းပ ညာများ အသုံးပြုကာ ငါးနှစ်အတွင်း တစ်နိုင်ငံလုံး မိုဘိုင်းကွန်ယက်များ တည်ထောင် သွားမည်ဖြစ်ကြောင်း တင်ဒါအောင်မြင်သည့် ဇွန်လ ၂၇ရက်နေ့ ညပိုင်းတွင် ကြေညာချက်တစ်ရပ် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြေညာချက်တွင် Telenor မှ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကို ကမ္ဘာ့အဆင့်မီစေရန် HSPA နှင့် LTE-ready နည်းပညာများ အသုံးပြုကာ ငါးနှစ်အတွင်း တစ်နိုင်ငံလုံး မိုဘိုင်းကွန်ယက်များ တည်ထောင် မည်ဖြစ်ကြောင်း၊ အသံနှင့်ဒေတာ အပါအ၀င် မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း များကို ၂၀၁၄ ခုနှစ်တွင် ပြည်သူများထံသို့ စတင်ဖြန့်ဖြူး ရောင်းချသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
တယ်လီနော်၏ အမှုဆောင် ဒုဥက္ကဋ္ဌနှင့် အာရှဒေသဆိုင်ရာ အကြီးအကဲဖြစ်သူ Sigve Brekke က “Telenor ဟာ မြန်မာ့ ဆက်သွယ်ရေးကဏ္ဍ တိုးတက်ရေးအတွက် ထူးခြားစွာ အထောက်အကူ ပေးသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ အာရှဒေသရဲ့ ကွဲပြားခြားနားတဲ့ ဈေးကွက်ကြီး ငါးခုမှာ မိုဘိုင်း ဆက်သွယ်ရေး လုပ်ငန်းတွေ ကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အာရှဒေသ အတွင်းမှာ အရည် အသွေးကောင်းပြီး ဈေးနှုန်း သင့်တော်တဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှုတွေ တယ်လီနော်ရဲ့ မဟာဗျူဟာ အောင်မြင် တယ် ဆိုတာကို ယခုကြေညာချက်က ထောက်ခံလိုက်တယ်လို့ ယူဆပါတယ်”ဟု ပြောကြား သည်။

တယ်လီနော်မှ မြန်မာနိုင်ငံအတွက် မဏ္ဍိုင်လေးခုဖြင့် အခြေခံကာ လုပ်ဆောင်သွားမည်ဖြစ်ပြီး တင်ဒါ လုပ်ငန်း စဉ်များ အရ လက်ရှိတွင် Telenor Group မှ လာမည့် လအနည်းငယ်အတွင်း ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် အတည်ပြုပေးနိုင်ရန် မြန်မာအာဏာပိုင်များနှင့် နောက်ဆုံးအဆင့် ညှိုနှိုင်းနေပြီဖြစ်ကြောင်း သိရသည်။

“အခုလို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတာ ဆက်သွယ်ရေး လိုင်စင်တင်ဒါကို တယ်လီနော်မှ ရရှိအောင်မြင် ခဲ့တဲ့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ရည်မှန်းချက်များ ပြည့် မီအောင် ဆောင်ရွက်ရာမှာ အထောက်အကူ ပေးနိုင်တဲ့ အခွင့်အရေးကို တယ်လီနော်ကို ပေးအပ်ခဲ့ တဲ့အပြင် ပွင့်လင်းမြင်သာပြီး တိကျတဲ့ တင်ဒါ လုပ်ငန်းစဉ်အတွက် မြန်မာ အစိုးရကို ကျေးဇူးတင်ရှိပါတယ်” ဟု Telenor Group ၏ ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ် Jon Fredrik Baksaas က ပြောကြားသည်။

တယ်လီနော် ကုမ္ပဏီသည် စကဲန်ဒီနေးဗီးယန်း၊ ဖင်လန် နှင့် အိုက်စလန် အစရှိသော ဥရောပ မြောက်ပိုင်းနိုင် ငံများ၊ အရှေ့ နှင့် အလယ်ပိုင်း ဥရောပ နိုင်ငံများနှင့် အာရှဒေသအတွင်း တွင်မိုဘိုင်းဖုန်း အော် ပရေတာ လုပ်ငန်းဈေးကွက် ၁၁ခု ရရှိထားပြီး၊ ဈေးကွက် ၁၈ခုတွင် လုပ်ကိုင်နေသော Vimpelcom Ltd အတွင်း တွင်လည်း Voting Stake 42.95% (Economic Stake 33%) ရှယ်ယာ ပိုင်ဆိုင်မှုရှိကြောင်း၊ နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော် ကုမ္ပဏီသည် ၂၀၁၃ခုနှစ် ပထမ လေးလပတ်အထိ စုစုပေါင်း လုပ်ငန်း များအရ မိုဘိုင်းဖုန်း အသုံးပြုသူ ၁၄၈သန်းရှိသော ကမ္ဘာ့ထိပ်တန်း မိုဘိုင်း အော်ပရေတာဖြစ်ပြီး ၂၀၁၂ ခုနှစ်၏ လုပ်ငန်းတွင် တည်ရှိငွေ(revenues)မှာ နော်ဝေငွေကြေး ကိုနာ ၁၀၂ဘီလီ ယံရှိကြောင်း၊ ယင်း အပြင် ကမ္ဘာတစ်ဝန်းလုံးတွင် တယ်လီနော်မှ ၀န်ထမ်းဦးရေ သုံးသောင်းခန့်ကို ခန့်အပ်ထားကြောင်း သိရ သည်။

ဆုဝေ
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်