Monday, June 17, 2013

၂၀၁၅ တွင် မဲအများစု အနိုင်ရပါက သူရဦးရွှေမန်းကို ကြံ့ခိုင်ရေးပါတီ သမ္မတ တင်သွင်းမည်

Posted by drmyochit Monday, June 17, 2013, under | No comments


၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် အများ စု အနိုင် ရပါက သူရဦးရွှေမန်းကို နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ရန် ရွေးချယ်တင်သွင်းမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။ အမေရိကန်နိုင်ငံသို့ ရောက် ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဝါရှင်တန်မြို့ရှိ မြန်မာ သံရုံး၌ အမေရိကရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံစဉ် ၂၀၁၅ ရွေးကောက်ပွဲ၌ သမ္မတတာဝန်ယူရန် ဆန္ဒ ရှိကြောင်း ပြောကြားခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌက အထက်ပါ အတိုင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။

 “ပါတီဥက္ကဋ္ဌကြီးကို ၂၀၁၅ မှာ သမ္မတအဖြစ် တင်မြှောက်ဖို့ သဘောတူပါတယ်။ မဲအများဆုံးရရင် သမ္မ တဖြစ် မှာပဲ” ဟု ဦးဌေးဦးက ဆိုသည်။ ကြံ့ခိုင်ရေးပါတီ မဲအများဆုံးရှိရန် ပြည်သူလူထု အပေါ်သာ မူ တည်ပြီး ၄င်းတို့ပါတီကို ပြည်သူလူထုက မဲပေးမည်ဟု ယုံကြည်ကြောင်း ၄င်းကဆက်လက် ပြောကြား သည်။ သူရဦးရွှေမန်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် တွင် နာယကအဖြစ် တာဝန်ယူရမည် ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို စတင်ကျင့်သုံးနိုင်ရန် ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ တင်သွင်း သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြား ထားသည်

From : ..the voice

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်