Tuesday, July 02, 2013

အလုံမြို့နယ်၊ စက်တွင်းလမ်း၊ လုယက်မှုအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ (၄)နာရီအတွင်း ဖေါ်ထုတ်ဖမ်းဆီး

Posted by drmyochit Tuesday, July 02, 2013, under | No comments

ရန်ကုန်၊ ဇွန် ၂

အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ စက်တွင်း လမ်း၊ ဒေါ်မငယ်၊ (ဘ)ဦးမောင်ထွန်း ၏နေအိမ်တွင် သမီးခင်ငြိမ်းချမ်း၊ ယမင်းအေး၊ အိမ်အကူဒ်ါအေးမှုန်၊ကိုဖြိုးတို့ရှိနေစဉ် ၁.၇.၂၀၁၃ရက်နေ့ ၂၀၃၀အချိန်
အမည်မသိ လူ(၅)ဦးမှ မောင်ဝမ်းကွဲ ပူးလေးအားမေးပြီးပြန် ထွက်သွားကာ သမီးကြီး ခင်ငြိမ်းချမ်းနှင့် ကိုဖြိုးတို့သီရိမင်္ဂလာဈေးသို့ ထွက်သွားခဲ့ရာ ယမင်းအေးနှင့်ဒေါ်အေးမှုန်တို့ (၂)ဦးတည်း ရှိနေစဉ် ပထမလာမေးသူ(၅)ဦးအနက်မှ (၂)ဦး အိမ်တံခါးလာခေါက်သဖြင့်ဖွင့်ပေးခဲ့ရာမှ အိမ်အတွင်းတို့ အတင်း တက်လာပြီး မီးခလုတ်များပိတ်၍ ဗီဒိုအတွင်းမှ ရွှေဆွဲကြိုး(၁)ကုံး၊ ရွှေလက်ကောက်(၁) ကွင်း၊ ရွှေလက် စွပ်(၁)ကွင်း၊ ဆွဲပြား(၁)ခု၊ နားကပ်(၁)ဘက်၊ နားဆွဲ(၁)ရံနှင့် ငွေ ၁၅၀၀၀၀ကျပ်၊ စုစုပေါင်း ၁၈၃၅၀၀၀အား လုယက်ပြီး ဒေါ်အေးမှုန်နောက်ကျောကို ဒါးနှင့်ထိုးထွက်ပြေးသဖြင့် အလုံမြို့မရဲစခန်း(ပ)၁၁၄/၂၀၁၃၊
ပုဒ်မ ၃၉၇ဖြင့် အရေးယူခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးအစီအမံဖြင့် အမှုဖြစ်ပွားကြောင်း
သတင်းရရှိသည်နှင့် တိုင်/ခရိုင်/အထူးအဖွဲ့များ၊ မြို့နယ်များမှချိတ်ဆက်ပိတ်ဆို့မှုများပြုလုပ်ပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များသည် လုယက်သူများ၏ ပုံသဏ္ဍန်ကို စစ်မေးပြီးအဖွဲ့များခွဲ၍ ဆောင်ရွက်ခဲ့ရာပြစ်မှုကျူးလွန်သည်ဟု မသင်္ကာသော နိုင်ရဲအောင်
(ခ)ဖိုးထောင်အား ဖမ်းဆီးရမိရေး ၄င်းနေထိုင်သော လှိုင်သာယာ(၆)ရပ်ကွက်သို့ သွားရောက်စုံစမ်းရာ ဖိုးထောင်(ခ)နိုင်ရဲအောင်ပါ(၃)ဦးသည် ဆိုင်ကယ်အနီဖြင့် ၂၂၃၀အချိန်က လှိုင်မြို့နယ်ဘက်သို့ ထွက် သွားကြောင်း သိရသဖြင့် လှိုင်အမှတ်(၄) ရပ်ကွက်၊ ၄င်းတို့ထိုင်နေကျ နန်းထိုက်တော်ဝင်ဘီယာဆိုင်အား စုံစမ်းရာဘုရင့်နောင်ပွဲရုံတန်းဘက် ထွက်သွားကြောင်း၊သိရှိရသဖြင့် ဆက်လက်လိုက်လံ ဖမ်းဆီးဆောင် ရွက်ခဲ့ ရာ ဒုရဲမှူး အောင်မြတ်စိုး၊ ရဲအုပ် ညိုပု၊ ရဲအုပ် သန်းဇော်ထိုက် တို့အဖွဲ့မှ ဘုရင့်နောင်ပွဲရုံတန်း ရိုးကြီးပတ်လမ်းတွင် အနီရောင်ဆိုင်ကယ်အား စီးပြီး ထွက်ပြေးရန်ပြုလုပ်စဉ် နိုင်ရဲအောင်(ခ)ဖိုးထောင်၊ စိုင်းညီအောင်(ခ) သားပေါက်၊ ဇော်မင်းထွေး(ခ)ကိုထွေးတို့ (၃)ဦးအား လုံးထွေးသတ်ပုတ်
ဖမ်းဆီးရမိပြီး စစ်ကြောဖေါ်ထုတ်ခဲ့ရာ လုယက်ရာတွင်အသုံးပြုသော အရှည် (၁၃)လက်မရှိ နှစ်ဘက်သွား
ဒါး(၁)ချောင်း၊ အရှည်(၁၂)လက်မရှိဒါး(၁)ချောင်းနှင့် အတူပါဆုံးရွှေထည်ပစ္စည်းများအား မူလပုံစံမပျက်
၎င်းတို့၏အဆောင်မှ သိမ်းဆည်းရမိခဲ့ပြီး အလုံမြို့မရဲစခန်း(ပ)၁၄၄/၂၀၁၃၊ ပုဒ်မ ၃၉၇ဖြင့်
အရေးယူခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည်ယခုလုယက်မှု အား အချင်းဖြစ်ပြီး (၄)နာရီအတွင်း
ကျူးလွန်သူ(၃)ဦးအား ပါဆုံးသက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရှိပါသည်။
(Yangon Police)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်