Tuesday, July 02, 2013

ကျောင်းသူလေးနှင့်အတူ ပြင်သစ်ထွက်ပြေးသွားခဲ့သည့် ကျောင်းဆရာအား ထောင်(၅)နှစ်ခွဲချ

Posted by drmyochit Tuesday, July 02, 2013, under | No comments

ဗြိတိန်နိုင်ငံရှိ သင်္ချာဘာသာရပ်သင်ကြားသော ဆရာတစ်ဦးသည် အသက်မပြည့်သေးသည့် ကျောင်းသူတစ်ဦးအား ဖြားယောင်းသွေးဆောင်မှုဖြင့် တရားရုံးမှ ထောင်ဒဏ် ငါးနှစ်ခွဲ ချမှတ်ခဲ့ကြောင်း သိရသည်။

ယခုအခါ (၁၆)နှစ် ပြည့်ပြီဖြစ်သော ထိုကျောင်းသူကလေးနှင့် ထိုကျောင်းဆရာတို့သည် ပြင်သစ်နိုင်ငံသို့ အတူထွက်ပြေးသွားကာ နာမည်တုများနှင့် နေထိုင်ပြီး အလုပ်အကိုင် ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နာမည်တုသုံးထားသည် Jeremy Forrest ဆိုသူ ကျောင်းဆရာက bar တစ်ခုတွင် အလုပ်ရသွားခဲ့ကာ ဆွဲဆောင်မှုရှိသော  ရွှေရောင်ဆံပင်ပိုင်ရှင် bar မန်နေဂျာနှင့် အတူ အလုပ်တွဲလုပ်နေသည်ကို ကျောင်းသူလေးက သဝန်တိုခဲ့ရာမှ ၎င်းတို့အား ဖမ်းမိဖို့ဖြစ်လာသည်။

ချစ်သူဖြစ်သည့် ကျောင်းဆရာကို သဝန်တိုခဲ့သော ကျောင်းသူလေးက Jeremy Forrest အလုပ်လုပ်သည့် bar တွင် သူမလဲ အလုပ်လုပ်ကိုင်ခွင့်ရဖို့ ပူဆာရာမှ ၎င်းတို့နှစ်ဦးအား ရဲများက အတူဖမ်းမိခဲ့ခြင်းဖြစ်သည်။

Jack Dean အဖြစ် နာမည်တုသုံးခဲ့သည့် ကျောင်းဆရာ Jeremy Forrest ၏ အလုပ်လျှောက်လွှာတွင် ကပ်ထားသည့် ဓါတ်ပုံအား bar မန်နေဂျာက ရဲအလိုရှိနေသူတစ်ဦးဟု မှတ်မိနေခဲ့ပြီး ရဲကို ချက်ချင်း အကြောင်းကြားခဲ့တာဖြစ်ကြောင်း သိရသည်။

ဒါပေမယ့် ၎င်းတို့က ကျောင်းသူလေးအား အလုပ်ကမ်းလှမ်းချက်နဲ့  ၎င်းတို့နှစ်ဦးအား အတူဖမ်းမိဖို့ ထောင်ချောက်ဆင်ခဲ့တာဖြစ်ကြောင်း သိရသည်။

နာမည်တုသုံးထားခဲ့သည့်စုံတွဲအား ဖမ်းမိနိုင်ဖို့ ပြင်သစ်ရဲများက ၎င်းတို့အား သံသယမရှိအောင် အဝတ်မပါ ကိုယ်ဗလာဖြင့် အလုပ်အင်တာဗျူးလာမည့် ကျောင်းသူလေးနှင့် အလုပ်ဝင်ရန်လာမည့် ကျောင်းဆရာအား ဆိုင်တွင် စောင့်ဖမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သူတို့ဟာ ဗြိတိန်ကနေ ဒိုဗာရေလက်ကြားကို အများသုံးရေယာဉ်နဲ့ အတူထွက်ပြေးခဲ့ပြီး ပဲရစ်တွင် ကျောင်းဆရာက သူ၏ကားကို ပစ်ထားခဲ့ကာ ပြင်သစ်တောင်ပိုင်းရှိ Bordeaux ကို ရထားဖြင့် ခရီးဆက်နှင်ခဲ့တာဖြစ်ကြောင်း သိရသည်။

ပြီးတော့ ဟိုတယ်ငယ်လေးထဲ ဝင်တည်းခိုခဲ့ကာ ၎င်းတို့အား မမှတ်မိနိုင်အောင် ဆံပင်တွေ အရောင်ပြောင်းဆိုးခဲ့ကြကြောင်း သိရသည်။

ကျောင်းသူလေးက အိမ်ထောင်ရှိ ကျောင်းဆရာ Jeremy Forrest ကို သူမ တကယ်ချစ်ကြောင်းနှင့် ၎င်းထောင်က ထွက်လာမည့်အချိန်ထိ သူမစောင့်သွားမည်ဖြစ်ကြောင်း ၊ ထို့နောက်လက်ထပ်ပြီး သူနှင့်အတူ သက်ဆုံးတိုင်နေထိုင်သွားကာ သားသမီးများလဲ မွေးဖွားသွားချင်ကြောင်း ၊ သူကလွဲလို့ ဘယ်သူ့မှ မလိုချင်ကြောင်း The Sun နှင့် အင်တာဗျူး၌ ဆိုခဲ့သည်။

Source : Daily News
From: ပုံရိပ်(burmesehearts.com)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်