Tuesday, July 02, 2013

အလုံမြို့နယ် စက်တွင်းလမ်းတွင် ဓားထောက်လုယက်မှုဖြစ်ပွား

Posted by drmyochit Tuesday, July 02, 2013, under | No comments

ရန်ကုန်၊ ဇူလိုင် ၁ - ဇူလိုင် ၁ ရက် ည ၈းဝ၀ နာရီဝန်းကျင်က အလုံမြို့နယ် စက်တွင်း လမ်း၊ အိမ်အမှတ် ၆၀၊ ခြောက်လွှာ (ဘယ်) ခြမ်းမှာ ဓားထောက်လုယက်မှု ဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။

အဆို ပါဖြစ် စဉ်ဖြစ် ပွားချိန်မှာ ကိုးတန်း ကျောင်းသူနဲ့ အိမ်အ ကူဒေါ်အေး မှုန်တို့ နှစ်ဦးသာရှိနေတယ်လို့ သိရပါတယ်။

 ဖြစ် စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ကိုးတန်း ကျောင်းသူ မယမင်းအေးက 'ည ၈းဝ၀ နာ ရီမထိုးခင်မှာ လူ ငါးယောက်တက်လာ တယ်၊ သမီးဦးလေး ဖူးလေးရှိလားလို့ မေး တယ်၊ သူမရှိဘူး၊ သူကဒီအိမ်မှာနေတာ မဟုတ်ဘူးလို့ ပြောလိုက်တယ်၊ အဲဒီအချိန် မှာ သမီးရယ်၊ သမီးအမေရယ်၊ သမီးအစ်မ နဲ့ယူမယ့် ကိုဖြိုးရယ်၊ ဓားထိုးခံရတဲ့ အန်တီ မှုန်ရယ် လေးယောက်ရှိနေတယ်˘လို့ ပြော ပါတယ်။

'ည ၈းဝ၀ နာရီကျော်လောက် ကျ တော့ မကြီးနဲ့ကိုဖြိုးက ဈေးထွက်သွား တယ်၊ ခဏကြာတော့ တံခါးခေါက်လို့ ဖွင့် ပေးလိုက်တော့ ခုန လူငါးယောက်ထဲက လူ နှစ်ယောက်က ကိုကြီးဖူးလေးကိုပဲ မေး တယ်၊ ဓားနဲ့ရွယ်ထားပြီးတော့ အော်ရင် သတ်ပစ်မယ်လို့ပြောပြီး ဆုမဲဖိုး သိန်း ၃၀ ကို ထုတ်ပေးခိုင်းတယ်၊ မဲဖိုးမရှိတော့ဘူး၊ အန်တီသီတာကို ပေးလိုက်ပြီလို့ပြော တော့ အိမ်ခန်းထဲကို ဓားနဲ့ထောက်ခေါ် သွားပြီး ရွှေတွေတောင်းလို့ ရွှေဘူးကို ပေး လိုက်တယ်˘လို့ ဆက်ပြောပါတယ်။

မယမင်းအေးရဲ့အပြောအရ ဓားနဲ့ ထောက်ပြီး လုယက်သွားတဲ့လူ နှစ် ယောက်က အသက် ၂၀ ဝန်းကျင်အရွယ် တွေလို့ သိရပါတယ်။ မယမင်းအေးရဲ့မိခင် ဒေါ်ငယ်က သီရိမင်္ဂလာဈေးမှာ ကွမ်းဒိုင် ဖွင့်ထားပြီး မကြာသေးခင်ကမှ ဆုမဲ သိန်း ၃၀ ထုတ်ထားတယ်လို့ သိရပါတယ်။

မယမင်းအေးကပဲ 'ရွှေဘူးပေးလိုက် ပြီးတော့ ပစ္စည်းပဲယူမှာ၊ လူကိုဘာမှမလုပ် ဘူး မဟုတ်လားဆိုတော့ မလုပ်ဘူး၊ နင်က ငါ့ညီမအရွယ်လို့ပြောတယ်၊ သမီးနားကပ် လဲ ယူသွားတယ်၊ ပြီးတော့ အန်တီမှုန်နဲ့ သမီးကို ရေချိုးခန်းထဲထည့်ပြီး ဂျက်ချ သွားတယ်၊ ပြီးရင် လူတစ်ယောက်လာဖွင့် ပေးလိမ့်မယ်လို့ ပြောတယ်˘လို့ ပြောပါ တယ်။

'အဲဒီအချိန်မှာ အန်တီမှုန်က ဒဏ်ရာ ရနေတယ်၊ ဘာမှမမြင်ရဘူးလို့လဲပြော တယ်၊ တံခါးက ဆွေးနေတော့ ဆွဲထုတ် လိုက်ပြီး သမီးတို့ခြောက်လွှာ နောက်ဖေး ဘက် အရေးပေါ်လှေကားကဆင်းပြီး ငါး လွှာကို သွားတယ်၊ အဲဒီမှာ အကျိုးအ ကြောင်းပြောပြပြီး ရဲစခန်းကို ဖုန်းဆက် တယ်၊ ပြီးတော့ အမေ တို့ကို ဆက်တယ်˘ လို့ မယမင်းအေးက ဆက်ပြောပါတယ်။

အဆိုပါ လုယက်မှုဖြစ်စဉ်မှာ ခန့်မှန်း ခြေ ရွှေငွေတန်ဖိုး စုစုပေါင်း ကျပ်သိန်း ၂၀ ဖိုးခန့် ပါသွားတယ်လို့ သိရပါတယ်။

အလုံမြို့နယ် ရဲစခန်းမှ ရဲအုပ် ဦးညီ မျိုးလွင် က ¯ည ၈း၃၀ နာရီခန့်မှာ တရား လို ဒေါ်ငယ် ရဲ့သမီးနဲ့ အိမ်ဖော်နှစ်ယောက် တည်း ရှိနေတုန်း လူနှစ်ယောက်က တံခါး ခေါက်တာကို ဖွင့်ပေးလိုက်တယ်၊ မဲဖိုး သိန်း ၃၀ တောင်း တယ်၊ မရှိဘူးဆိုတော့ မီးတွေ ပိတ်လိုက် ပြီး ကိုးတန်းကျောင်းသူ ယမင်းအေးကို ဓားနဲ့ ထောက်ပြီး ရွှေထည် ပစ္စည်းတောင်း တယ်၊ အဲဒီကြားထဲမှာ အိမ် အကူ ဒေါ် အေးမှုန် (၄၈ နှစ်) ကို ဓားနဲ့ ထိုး တယ်လို့ ယူဆရတယ်၊ အဲဒီမတိုင်ခင် ၇း၃၀ နာရီ လောက်မှာ လူ ငါးယောက် တက်လာ သေးတယ်လို့ ပြောတယ်၊ အဲဒီတုန်းက အိမ်မှာ လူလေး ယောက်ရှိနေလို့ ပြန်ဆင်း သွားတယ်˘လို့ ပြောပါတယ်။

ဖြစ်စဉ်ဖြစ်ပွားချိန်မှာ တိုက်ရှေ့လက် ဖက်ဆိုင်မှာ ထိုင်နေသူတစ်ဦးက ¯ည ၈းဝ၀ နာရီဝန်းကျင်လောက်က လက်ဖက်ဆိုင် မှာ ထိုင်နေရင်း ဝုန်းဆိုတဲ့အသံကြားပြီး အောင်မယ်လေးဆိုတဲ့အော်သံလဲကြား တယ်၊ အောက်ကလှမ်းကြည့်တော့ ဘာမှ လှုပ်ရှားမှုမရှိလို့ ဒီတိုင်းပဲ ဆက်ထိုင်နေ လိုက်တယ်၊ အသံကြားပြီးနောက် ၁၅ မိနစ် လောက်ကြာတော့မှ ဖုန်း လှမ်းဆက်တယ်၊ အဲဒီတော့မှ ခုလို ဖြစ်တယ် ဆိုတာ ကျွန် တော်တို့လဲ သိရတာ˘လို့ အဆိုပါလူကပဲ ဆက်ပြောပါတယ်။
မယမင်းအေးရဲ့မိခင် ဒေါ်ငယ်ရဲ့ တိုင် ကြားချက်အရ အလုံမြို့ နယ် ရဲစခန်းမှ ဆက်လက်အမှုဖွင့် အရေးယူ စုံစမ်းလျက် ရှိတယ်လို့ သိရပါတယ်။

Kumudra Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်