Wednesday, July 03, 2013

"ပြဇာတ်ကမိလို့ အနုပညာ လှုပ်ရှားခွင့် ပိတ်ခံ ရဖူးကြောင်း ကျော်ရဲအောင်ပြော"

Posted by drmyochit Wednesday, July 03, 2013, under | No comments

မြန်မာ အမျိုးသမီးများနေ့ ဖျော်ဖြေပွဲမှာ ကိုဘီအေ အဖြစ် သရုပ် ဆောင်ခဲ့တဲ့ ကျော်ရဲအောင် က "ဒီ အမျိုး သမီး ရေးရာပွဲ မှာပါဝင်ရတဲ့ အတွက် ကျေးဇူး တင်ပါတယ်။ အမျိုး သမီးရေးရာပွဲ ဆိုတာကအမျိုး သားတွေ အတွက်လည်း ပါပါတယ်။ အမျိုးသား နဲ့ အမျိုးသမီး ဆိုတာ ခွဲခြားလို့ရတာမှ မဟုတ်တာ။ တစ်ဦး နဲ့ တစ်ဦး ရင်ပေါင် တန်းပြီး လှုပ်ရှားနေတဲ့ အချိန်မှာ အမျိုး သမီးတွေ ဘက်က တစ်ဖက် တစ်လမ်း ကဝင်ရောက်ပြီး ပါဝင်ခွင့်ရတဲ့ အတွက် ရင်ထဲမှာ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ အရင်နှစ်တွေ တုန်းက ကျွန်တော် နယ် ရောက်နေ လို့ မပါဝင်ဖြစ်ဘူး။ ရန်ကုန်မှာ ဆိုရင်တော့ ပါဝင်ဖြစ်မှာ ပါ။ ကျွန်တော် တအား ပါဝင်ချင် ပါတယ်။ ဒါကိုယ့် တိုင်းပြည်၊ ကိုယ့် လူမျိုး အတွက်၊ ကိုယ့်ညီအစ်ကို မောင်နှမ မိန်းကလေးတွေ အတွက် ဆိုတော့ တတ်အားသရွေ့ ပါဝင် ကူညီတာပါ" လို့ ပြောပါတယ်။

ကိုဘီအေ သီချင်း နဲ့ တေး သရုပ်ဖော် ခဲ့တဲ့ ကျော်ရဲအောင် က အရင်တုန်းက အနုပညာရှင် များစွာနဲ့ ပြဇာတ် ကခဲ့တာတွေလည်း ပျော်စရာ ကောင်း ခဲ့ကြောင်း ပြောပါတယ်။ အမှတ်တရ အဖြစ်ဆုံး ပြဇာတ်ကို မေးတော့ ကျော်ရဲအောင် က "ကျွန်တော် အမှတ်တရ အဖြစ် ဆုံး ပြဇာတ်က ကျွန်တော် အပိတ်ခံ ရတဲ့ ပြဇာတ်ပါ။ ကိုမိုက်တီး ရဲ့ပြဇာတ် ပေါ့။ ကျွန်တော် က သံချပ် တိုင်တာ။ အဲဒီတုန်းက သူတို့ ခေါင်းစဉ် တပ် လိုက်တာက ကျော်ရဲအောင်က နိုင်ငံရေး လုပ်လို့တဲ့။ နိုင်ငံရေးလုပ်ရအောင် နိုင်ငံရေး အကြောင်း လည်း ကျွန်တော် နားလည်းမလည်ဘူး။ သိလည်း မသိဘူး။ တံခါး ဆိုတာ ဖွင့်တာ၊ ပိတ် တာ ..ကျွန်တော်တို့ ပြောတာနား ထောင်ပါဦး။ ကျွန်မတို့ ပြောတာ နားထောင်ပါ ဦး။ ပြည်သူ ဝင်ရင် ကျွန်တော် တို့ ဝင်မယ်။ ကျွန်တော်တို့ မဝင်ရင် ပြည်သူ ဝင်မယ်။ အဲဒါမျိုး တွေပေါ့။ တံခါးပိတ်တော့ ကျွန် တော်လည်း ပိတ်ခံ လိုက်ရရော။ ကျွန် တော်က ၆ လပိတ်ခံ ရတယ်ဆိုပြီး ၆ နှစ်ကြာသွားတယ်။ ၁၉၉၃ခု နှစ်လောက်က ပိတ်ခံရတာ။ ၁၉၉၁၊ ၁၉၉၂ ခုနှစ်မှာ မင်းသား နည်းနည်း လေးနာမည်ကြီး ခါစ ရှိသေးတယ်။ အောင်မြင်တာပေါ့ (ရယ်လျက်)။ ပြ ဇာတ်က တုန်းက မင်းသား၊ မင်းသမီး တွေအများကြီးပဲ။ အကုန်ဒီ စကားလုံး ပဲ သံချပ်တိုင်တာ ကျွန်တော် တစ်ယောက် တည်း ပိတ်ခံရတယ်။ သူတို့ခိုင်းလို့ လုပ်ပြီးတော့ ပိတ်ခံရတော့လည်း ပိတ် ပေါ့ဗျာ။ ဘာတတ်နိုင်မှာ လဲ။ ဒီနေ့ ပိတ် ပြီး နောက်နေ့ကျ တစ်ယောက်မှ အိမ် မလာတော့ဘူး။ ကျွန်တော့်ကို ဘယ်သူက ပိတ်တာမှန်းလည်း မသိဘူး။ ပိတ်ခံရတုန်းက အရက်သောက်တယ်။ လျှောက်သွားတယ်။ လုပ်ချင်တာတွေ လျှောက်လုပ်တာပေါ့။ ကျွန်တော် က တော့ တော်တော်ကြောက်သွားပြီ။ ငတ်ရင် ဘယ်သူမှ လာမကျွေးဘူးလေ။ ၆နှစ် ဆိုတာက ပရိသတ်နဲ့ ကင်းကွာပြီး ဂွမ်းစိန် ဖြစ်သွားပြီ။ အဲဒါနဲ့ "သူ့ကျွန် မခံပြီ" ဇာတ်ကား စပြန်ရိုက်ဖြစ်တယ်။ လေးလေး ဦးကြည်စိုးထွန်းက သူ "သူ့ ကျွန်မခံပြီ" ရိုက်မယ်။ မင်းဝင်ပါ လိုက် ဆိုလို့ ဝင်ပါလိုက်တယ်။ ကျော်ရဲအောင် ကို ပိတ်ထား ပါတယ်။ ရိုက်လို့မရ ပါဘူး ဆိုတော့ ဘယ်သူ ပိတ်တာလဲလို့ မေးကြတယ်။ ကျွန်တော်လည်း အဲဒီ တော့မှ သိတယ်။ ဘယ်သူ ပိတ်တာ မှန်းမသိဘူး။ အဲဒီတုန်းက မေးခွင့် မရှိ၊ ဖြေရှင်းခွင့် မရှိ၊ ဂျာနယ်ထဲ ပါခွင့် မရှိ။ ဖြေခွင့်မရှိလေ။ ကျွန်တော့်ရဲ့ အလုပ်က ဒီအလုပ်ပဲလေ။ လမ်း နည်းနည်း ပြန်ပွင့်သွားတော့ အနုပညာ အလုပ်တွေ ဆက် လုပ်ဖြစ်တာ ပေါ့။ ဝါသနာပါရင် အေးဆေးပါ။ ကျော်ရဲအောင် မသေပါဘူး။ ရေကူး တတ်ပါတယ်။ တကယ် ဝါသနာပါရင် တကယ် စိတ်ဝင်စားရင် အနုပညာ ရှင် ဆိုတာ ဘယ်သူ သတ်သတ်မသေ ပါဘူးဗျ"လို့ ပြန်လည်ပြောပြခဲ့ပါ တယ်။

ကျော်ရဲအောင်က ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတဲ့ "သေတမ်းစာ" ဇာတ်ကားမှာ သူ့ရဲ့မျိုးဆက် သားဖြစ်သူ ထူးမြတ်ကျော်ရဲအောင် ကို စတင် မင်းသား တင်မှာဖြစ်ပြီး ဒီကားမှာ ကျော်ရဲအောင်၊ ထူးမြတ်ကျော်ရဲအောင်၊ စိုးမြတ်သူဇာနဲ့ မေကဗျာတို့ ပါဝင် မှာဖြစ်ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ-မင်းမင်းထွန်း
From: Poular Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်