Wednesday, July 03, 2013

ယဉ်တိုက်မှုကြောင့်သေသွားသူအတွက် ပိုက်ဆံပေးနေရဟုသိရ

Posted by drmyochit Wednesday, July 03, 2013, under | No comments


လားရှိုး၊ ဇူလိုင် ၃။

လားရှိုးမြို့တွင် ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားရာ သေဆုံးသွားသောရာ ပြည်သူ့ဆေးရုံရှိ မှုခင်းခွဲစိပ် ဆရာဝန်၏ ဆေးမှတ်တမ်းရမှသာ သင်္ဂြိုလ်ခွင့်ရမည်ဖြစ်သော်လည်း ဆရာဝန်မှ ငွေသုံးသောင်း တောင်း နေသောကြောင့် ကြံ့ကြာမှုများ ဖြစ်ခဲ့ကြောင်း သေဆုံးသူဘက်မှ ကူညီပေးနေသူ ကိုစိုင်းကျော်လင်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။

“ရင်ကွဲရုံမှာ မှုခင်းဆရာဝန်က ဆေးစာရွက်အတွက် အလှုငွေတောင်းတယ်။ ဘယ်လောက် ပေးရမလဲပြောတော့ သုံးသောင်းပေးရမယ် ပြောပါတယ်။

စိတ်ပျက်ဖို့ အလွန်ကောင်းပါတယ်။ ပြည်သူ့ဆေးရုံမှာ အောက်ခြေ လူတန်းစားတွေ အပေါ် အလှူငွေ တောင်းတာက ကြောက်စရာ ကောင်းတယ်။

သေတာတောင် ပိုက်ဆံကို ဓါးမြတိုက်သလို တောင်းနေတာ တွေ့ရတော့ စိတ်ပျက်မိတယ်”ဟု ယင်းကဆက်လက် ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မှုခင်းဆရာဝန် ဒေါက်တာလွင်ဦးက“အလှူငွေ ကောက်ခံတာ မဟုတ်ပါဘူး။ အလောင်း တစ်လောင်းကို ခွဲစိတ်ရင် လက်အိပ် ၆၀ လောက် ကုန်ပါတယ်။ နောက်ပြီး ဆပ်ပြာမှုန့်တို့ ဘာတို့ အတွက်ပါ။ အလှူငွေပေးမှ ဆေးစာထုတ်ပေးတာတို့ ဘာတို့မဟုတ်ပါဘူး”ဟု မြန်မာ့ခေတ်သို့ ပြောကြားသည်။

ဖြစ်စဉ်မှာ လားရှိုးမြို့နယ် ပုန်းထုံကျေးရွာရှိ အေးရှားဝေါလ် ကုမ္ပဏီ ကျောက်ထုတ်လုပ်ရေး စခန်းမှ အလုပ်သမား မျိုးကိုနှင့် ဖိုးဖြူဆိုသူနှစ်ဦးသည် ဆိုင်ကယ်ဖြင့် သီပေါ-လားရှိုးလမ်းမကြီး အတိုင်း ထွက်လာစဉ် နောင်မွန်ရွာ အရောက် ကုန်ကားကြီး တစ်စီးအား ကျော်တက်ရာ မျက်နှာချင်းဆိုင်မှ ကားတစ်စီးနှင့်ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လားရှိုး ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မဆင်မခြင်လမ်းကြောင်းမှားမောင်းလာသူ ဆိုင်ကယ်သမား မျိုးကိုအား လားရှိုးယာဉ်ထိန်းရဲတပ်ဖွဲ့မှဒုရဲအုပ်စောဝင်းက တရားလိုပြုလုပ်၍ နောင်မွန်နယ်မြေရဲစခန်းသို့ တိုင်တန်း ခဲ့ရာ ယာဉ်(ပ)၅/၁၃၊ပြစ်မှုပုဒ်မ ၃၀၄(က)/၃၃၈အရ အမှုဖွင့်အရေးယူထားကြောင်း ၎င်းရဲစခန်းမှ သိရ သည်။

ထွန်းထွန်း
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်