Thursday, July 04, 2013

မြန်မာ ၃ ဦး မလေးရှားမှာ မြေပျိုကျလို့ သေဆုံး


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အရှေ့မြောက်ဘက် Ukay Perdana အရပ်က ဆောက်လုပ်ရေး လုပ်ငန်း တစ်ခုမှာ မနေ့မနက်က မြေပြိုကျတဲ့အတွက် မြန်မာနိုင်ငံ က အလုပ်သမား ၃ ယောက်သေဆုံးပြီး၊ တစ်ယောက်က ခြေထောက်ကျိုးသွားတယ်လို့  မလေးရှားနိုင်ငံအခြေစိုက် ဘနားမား သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

အဲဒီလူ ၃ ယောက်ဟာ ပြိုကျတဲ့ကျောက်ခဲပုံမှာပိမိပြီး သေဆုံးသွား တာဖြစ်ပြီး၊ အလုပ်သမား ၈ ယောက်က ရေဆိုးထုတ်ပိုက်လိုင်းတွေ တပ်ဆင်နေတုန်း မြေပျိုကျမှု ဖြစ်ပွားခဲ့တာလို့  ဆီလန်ဂေါပြည်နယ် မီးသတ်နဲ့ ကယ်ဆယ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူးကပြောပါတယ်။

ဘာကြောင့်ပြိုကျသလဲဆိုတဲ့ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှာဖြစ်တဲ့အတွက် အလုပ်ခွင်ရပ်နားထားဖို့ကိုလည်း သက်ဆိုင်ရာက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေကတော့ အသက် ၃ဝ ဝန်းကျင်လူငယ်တွေဖြစ်ပြီး၊ မိုဟာမက် အာလန်၊ ရွမ်ဇို အလီနဲ့  ကော်ရင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

RFA Burmese

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်