Thursday, July 04, 2013

KIA အဖွဲ့ ဖမ်းဆီးသွားသော ဒေသခံရွာသားတစ်ဦးအား ငွေ ၁ သိန်းပေး၍ ပြန်လည်လွတ်ပေး

Posted by drmyochit Thursday, July 04, 2013, under | No comments

ဇူလိုင်လ ၄ ရက် ၂၀၁၃

၂၀၁၃ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ၀ိုင်းမော်မြို့နယ်၊ ၀ူယန်ကျေး ရွာသင်္ချိုင်းအနီး ဖမ်းဆီးခေါ်ဆောင်သွား ခဲ့သော ရွာသာ(၂)ဦးအနက် ၁ ဦးအား ဇူ ၂ ရက်နေ့က ငွေ ၁ သိန်းပေးသဖြင့် KIA အဖွဲ့မှ ပြန်လည် လွတ်ပေးခဲ့ကြောင်း သိရှိ ရသည်။

“ဖမ်းသွားတုန်းက ၃ ယောက်ပါ၊ ၁ ယောက်က အဲဒီအချိန်တုန်းကတည်းက ထွက်ပြေးလာခဲ့တဲ့အတွက် ၂ ယောက်အဖမ်းခံ ရတာပါ။ အခုလွတ်လာတဲ့ ကောင်လေးကို သူ့ဆွေမျိုးတွေက ငွေ ၁ သိန်းစုပြီး သွားရွေးခဲ့ရတာ။ ကောင်လေးက ခြေထောက်တစ်ဖက်မသန်တော့ KIA အဖွဲ့ဝင်အဖြစ် လက်မခံချင် တာလည်း နေမှာပေါ့။ နန်ဇော်ယန်ကျေးရွာနဲ့ ၄ မိုင်လောက်ဝေးတဲ့ တောင်ကုန်းမှာရှိတဲ့ KIA စခန်းကို သွားပြီးရွေးရတာ၊ ကျန်တဲ့ရွာသားတစ်ဦးကတော့ အဲဒီစခန်းမှာ စစ်သင်တန်း တက်နေတယ်”ဟု ၀ူယန် ရွာသားတစ်ဦးကက ပြောပြခဲ့သည်။

အဆိုပါ နန်ဇော်ယန်ကျေးရွာအနီးရှိ KIA စခန်းသည် တပ်မဟာ(၅) လက်အောက်ခံ၊ တပ်ရင်း(၃)မှ အခြေပြုလျက်ရှိပြီး ဖမ်းဆီးခေါ်ဆောင်သွားသော ဒေသခံရွာသားလူငယ်(၂၀)ဦးခန့်အား စစ်သင်တန်း ပို့လျက်ရှိကြောင်း၊ စစ်သင်တန်း မတက်နိုင်သော ရွာသားများအား တစ်ဦးလျှင်ငွေ ၁ သိန်းပေး၍ လာရောက်ခေါ်ယူရန် အကြောင်းကြားထားကြောင်းနှင့် ငွေ မပေးနိုင်သော ရွာသားအချို့မှာ KIA စခန်း၌ ထင်းခွေ၊ ရေခပ်၊ ထမင်းချက်အလုပ်များကို လုပ်ကိုင်နေရကြောင်း၊ ၎င်းရွာ များတွင် နေထိုင်ကြသော လူငယ်များမှာ အခြားမြို့၊ ရွာများသို့ တိမ်းရှောင်ကာ အလုပ်လုပ်ကိုင်နေကြရကြောင်း ဒေသခံ များ ၏ ပြောပြချက်အရ သိရှိရသည်။

နော်ထူးအောင်
From: Kachin Daily News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်