Saturday, August 17, 2013

တန်ဖိုးကြီး ရတနာများကို အာကာသတွင် ရှာဖွေရန် နာဆာ၏ ထောက်လှမ်းရေး ခရီးစဉ် စတင်မည်

Posted by drmyochit Saturday, August 17, 2013, under | No comments



အမေရိကန် အမျိုးသားအာကာသသိပ္ပံအေဂျင်စီ (နာဆာ)သည်အာကာသတွင်း၌ရှိသော
ဥက္ကာခဲ များ အား မိုင်းဖြင့် ဖောက်ခွဲကာ တန်ဖိုးကြီးသော ရတနာများရှာဖွေနိုင်မည့်
နည်းလမ်း အတွက် ဖြစ်နိုင်ချေ ရှိ၊ မရှိကို သိရှိရန် ထောက်လှမ်းရေး ခရီးစဉ်တစ်ရပ်ကို
စတင်တော့မည် ဖြစ်ကြောင်း သိရသည်။ အာကာသ သိပ္ပံပညာရှင်များ၏သုံးသပ်မှုအရ
အာကာသအတွင်း၌ ရွေ့လျားနေသော ဥက္ကာခဲ၊ ဥက္ကာပျံစသည့်အရာများထဲတွင်ရွှေ၊ငွေ၊စိန်
အစရှိသည့် တန်ဖိုးကြီး သတ္တုများ ရှိနေနိုင်ကြောင်း သိရပြီး ယင်းအရာများအားဖောက်ခွဲရန်
နည်းလမ်းကို စဉ်းစားခဲ့ရာမှ ယခုကဲ့သို့ လက်တွေ့ အကောင်အထည် ဖော်ရန်စီစဉ်လာခဲ့ခြင်း
လည်း ဖြစ်သည်။ နာဆာ၏ထုတ်ပြန်ချက်အရ ၎င်းတို့အနေဖြင့် စုံစမ်းထောက်လှမ်းရေး
ခရီးစဉ်ကို ၂၀၁၆ ခုနှစ်တွင် ပြုလုပ်သွားရန် စီစဉ်ထားပြီး ၂၀၁၈ခုနှစ်တွင်ဂြိုဟ်သိမ်ဘန်နူသို့
ရောက်ရှိပြီး လေ့လာနိုင်မည်ဟု သိရသည်။

အဆိုပါ ခရီးစဉ် အောင်မြင်မှုရခဲ့လျှင် ကမ္ဘာပေါ်တွင်ရတနာပစ္စည်းကြွယ်ဝမှုများစွာပိုမိုမြင့်မား
လာမည်ဟု ပညာရှင်များက သုံးသပ်ထားကြပြီး တိုးတက်လာသည့်နည်းပညာများကြောင့်
ဂြိုဟ်သိမ်များ၊ ဂြိုဟ်မွှားများနှင့် ဥက္ကာခဲ၊ ဥက္ကာပျံများထံမှ အဖိုးတန်ရတနာပစ္စည်းများကို
ဖော်ထုတ်နိုင်မည်ဟု ယုံကြည်နေကြသည်။ ၎င်းတို့၏ လေ့လာမှုတွင် သံနှင့် ကြေးကဲ့သို့
အရာများတည်ရှိပြီ ဖြစ်သော်လည်း ရွှေနှင့်ပလက်တီနမ်စသည့်အရာများလည်းရှိနိုင်သည်
ဟု သိရသည်။

၁၀ မီတာ ၀န်းကျင် ရှိသည့် ဂြိုဟ်သိမ်တစ်ခုတွင် အလေးချိန် ၁,၄၃၃,၀၀၀ပေါင်ရှိပြီး
ယင်းအထဲတွင် ပေါင် ၁၁၀ မှာ ရွှေနှင့် ပလက်တီနမ်တို့ ဖြစ်ကြောင်း အယ်ရီဇိုးနားတက္က
သိုလ်မှပညာရှင် တစ်ဦး ဖြစ်သူ ဒန်တီက ဆိုသည်။ ယခုအစီအစဉ်ကို ငါးနှစ်အတွင်း
အကောင်အထည် ဖော်နိုင်ရန် နာဆာက မဟာဗျူဟာ ချမှတ် လုပ်ဆောင်သွားမည်
ဖြစ်ကြောင်းလည်း သိရသည်။

From: OPP

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်