Saturday, August 17, 2013

သံတွဲတွင် ငါးဖမ်းလှေခုနှစ်စင်း မီးရှို့ခံရ

Posted by drmyochit Saturday, August 17, 2013, under | No comments

ညမထွက်ရ အမိန့်များထုတ်ပြန်ထားသော ရခိုင်ပြည်နယ် သံတွဲမြို့ အနောက်ဘက် ခြောက်မိုင်အကွာလောက်တွင် သြဂုတ်(၁၃)ရက်နေ့ ညပိုင်းက ငါးဖမ်းလှေခုနှစ်စင်း မီးရှို့ခံခဲ့ရကြောင်း သိရသည်။

မီးရှို့သည့် တရားခံများကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေတုန်းပဲဟု ခရိုင်ရဲတပ်ဖွဲ့မှူးက ဆိုသည်။

မီးရှို့ခံရသည့် ငါးဖမ်းလှေများသည် သီတင်းကျွတ်မှ တန်ခူးလအတွင်းသာ အလုပ်လုပ်သော အတောင်လေးဆယ် ရှည်လျားသည့် ငါးဖမ်းလှေကြီးများဖြစ်ကြောင်းနှင့် နားနေချိန်တွင် ယခုကဲ့သို့ မီးရှို့ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထွက်ပြေးလာသော ကလေးများ၏ အပြောအရ မီးရှို့မည့်သူများက လောက်လေးခွများဖြင့် ပစ်သောကြောင့် အစောင့်ကလေးအချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မီးလောင်သွားသည့် လှေဆယ်စီးအနက် တဝက်လောက်သာ ပြန်ပြင်လို့ရပြီး ကျန်အစီးရေများမှာ လုံးဝသုံးမရအောင် မီးလောင်သွားခဲ့တာဖြစ်ကြောင်း သိရသည်။

Source : DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်