Monday, August 19, 2013

နိုင်ငံရေးခေါင်းဆောင်များအကြား အထင်အမြင်လွဲမှားစေနိုင်သော ပြောကြားချက်များ သတိပြုသင့် ဟု နိုင်ငံတော်သမ္မတရုံးမှ ပြောကြား

Posted by drmyochit Monday, August 19, 2013, under | No comments



သြဂုတ်လ၅ရက်နေ့ထုတ်Messengerသတင်းစာ၊စာမျက်နှာ(၉)တွင်“နိုင်ငံတော် သမ္မတနှင့် ကာချုပ် အမည်ကို သုံး၍ ရွှေနံ့သာရပ်ကွက်၌ လယ်မြေသိမ်းဆည်းမှုများ ဖြစ်ပွားလျက်ရှိ”
သတင်းခေါင်း စဉ်ဖြင့်ဖော်ပြ ပါရှိခဲ့သော သတင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးအားဆက်သွယ်မေးမြန်းခဲ့ရာလွှတ်တော်ကိုယ်စားလှယ်ဦးစိန်ဝင်း၏
ပြောကြားချက်မှာ မှားယွင်းနေကြောင်း၊ ကုမ္ပဏီများက နေပြည်တော်ခရိုင်၊ရွှေနံ့သာရပ်ကွက်
တွင်ဧက(၁၄၀)ကျော် လျော်ကြေးမပေးဘဲသိမ်းဆည်းရာတွင်နိုင်ငံတော်သမ္မတနှင့်တပ်မတော်
ကာကွယ်ရေးဦးစီးချုပ်တို့၏ အမည်ကိုသုံး၍ဆောင်ရွက် နေသည်ဟု ဖော်ပြထားသည်မှာ
နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့အပေါ် အထင်အမြင်လွဲမှားမှုများ
ဖြစ်ပေါ်စေနိုင်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်ကို The Messengerဂျာနယ်No.13
သြဂုတ်လ၁၉ရက်နေ့ထုတ်သတင်းစာတွင်ဖော်ပြထားသည်ကိုတွေ့ ရသည်။

From: Oppositeye

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်