Saturday, September 28, 2013

လေးယောက်မြောက်ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ရာမှ ဒေသတွင်းဘာသာရေး ဓိကရုဏ်း မဖြစ်ပွားစေ ရန် သက်ဆိုင်ရာ မှ တာဝန်ယူဆောင်ရွက်နေ

Posted by drmyochit Saturday, September 28, 2013, under | No comments

မော်လိုက်၊ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ ကင်းတပ်ကျေးရွာ၌ စက်တင်ဘာ ၂၆ ရက်နေ့ မနက် ၁၀ နာရီ အချိန်ခန့်က ဘာသာမတူ လင်မယား စကားများ ရန်ဖြစ် ခဲ့ရာ ခင်ပွန်းဖြစ်သူမှ ဇနီးသည်၏ မျက်နှာအား လက်သီးဖြင့် ထိုးနှက် ခဲ့သဖြင့် နှာခေါင်းသွေးထွက်၊ မျက်လုံး ဖုယောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း စုံစမ်း သိရှိ ရသည်။

ဖြစ်စဉ်မှာ လွန်ခဲ့သော တစ်နှစ်ခန့်က မော်လိုက်မြို့နယ်၊ ကင်းတပ်ကျေးရွာနေ အသက်(၃၄)နှစ်အရွယ် မမော်မော်လွင် ဆိုသည့် အမျိုးသမီးတစ်ဦးသည် မန္တလေးဆေးရုံကြီးသို့ လူနာစောင့်ရှောက်ရန် လိုက်ပါ သွားခဲ့ပြီး ထိုဆေးရုံကြီး၌ မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ တံတားဦးလေးရွာနေ ကိုတင်အောင်မင်း ဆိုသူနှင့် မေတ္တာသက်ဝင်ခဲ့ရာမှ သူမ၏ စတုတ္ထမြောက် အိမ်ထောင်ဘက်အဖြစ် မော်လိုက်မြို့နယ်၊ ကင်တပ်ကျေးရွာ၌ အခြေတကျနေထိုင်ခဲ့သည့် အိမ်ထောင်လင်မ ယားဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထိုလင်မယားနှစ်ဦးသည် စည်းကမ်းမကျသောအချစ်နှင့် နည်းလမ်းမကျသော မေတ္တာကို အခြေခံ တည်ဆောက် ခဲ့ကြသော အိမ်ထောင်ရေးဖြစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ထို လင်မယားနှစ်ဦး သည် အခြေခံ ကိုကွယ်ယုံကြည်မှု ဘာသာတ ရားမှာ အလွန်ခြားနားလျက်ရှိနေခြင်းကြောင့်ပင်ဖြစ်သည်။

ထိုသူနှစ်ဦး၏ အိမ်တွင်းရေးပြသနာသည် ဘေးပတ်ဝန်းကျင်သို့ ကူးဆက်တောက်လောင်ရန် အလွန် လွယ်ကူ သည့် ပြသနာ အခြေအနေတစ်ရပ် ဖြစ်သည့်အတွက်ကြောင့်လည်း ဒေသခံပြည်သူအားလုံးမှ စည်းလုံး ညီညွတ်စွာ ကာကွယ်တားဆီးပေးရ တော့သည်။ ယနေ့ မြန်မာနိုင်ငံအတွင်းရှိ ဘာသာ တရား အားလုံးသည် တစ်ဘာသာနှင့် တစ်ဘာသာ လူမျိုးတစ်မျိုးနှင့် တစ်မျိုးသည် အလွန် ချစ်ကြည်ရင်းနှီးစွာ အေးအတူ ပူအမျှ နေထိုင်သော အချိန်ကာလကြီးဖြစ်သည်။

ထို့ထက်မက တစ်ဘာသာနှင့် တစ်ဘာသာ လူမျိုးတစ်မျိုးနှင့် တစ်မျိုးတို့သည် အပြန်အလှန် လေးစား လိုက်နာ လျက်ရှိပြီး နိုင် ငံတော်၏ ရှေ့ဆက်ရမည့် ဖွံ့ဖြိုးတိုးတက်ရေး တာဝန်များကို ညီတူညီမျှ အသီးသီး ထမ်းရွက်နေ သည်ကို မြင်တွေ့ရပေတော့ မည်။

ဘာသာမတူ၊ ယုံကြည်ချက်မတူသည့် လူနှစ်ဦးစုံမက်လာသည့် အိမ်ထောင်ရေးသည် နိဂုန်းမလှနိုင်ဟု ထိုဒေသခံများမှ ဆိုသည်။ ထမ်းပိုးမညီသည့် ၀န်ကို ထမ်းသည့်သူနှယ် ခက်လှပါဘိဟုလည်း ထိုဒေသရှိ အဘိုးအဘွားများမှ ၎င်းအိမ်ထောင် ရေး ကိစ္စရပ်ကို မှတ်ချက်ပြုကြသည်။

ဤကဲသို့သော အခြေအနေ အရပ်ရပ်များကြောင့် မော်လိုက်မြို့နယ်၊ ကင်းတပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံး၏ အစည်းဝေး မှတ်တမ်း (၃/ ၂၀၁၃) အရ ဘာသာမတူ ဇနီးသည်အပေါ် နိုင်လို မင်းထက်ပြု ကျင့်သည် ဟု ယူဆရသဖြင့် ကိုတင်အောင်မင်း ဆိုသူအား ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်သည့် (၀ါ) ပြစ်မှုကျူး လွန်ရန် ယုံကြည်ရသဖြင့် လိုအပ်သလို အရေး ယူဆောင်ရွက်ပေးပါရန် ကျေးရွာ အုပ်ချုပ်ရေး မှူးရုံး၏ အစည်းဝေး ဆုံးဖြတ်ချက်များအရ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက် လက်၍ တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ တင်ပြချက်အား မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဘက်လိုက်မှု ကင်းရှင်း မျှတ ရေးတို့ကိုအခြေခံကာ ထိုသူကို ဆက်လက်၍ တရားဥပဒေအရ အရေးယူဆောင်ရွက်ရေး တို့ အတွက် သဘောတူညီခဲ့သဖြင့် မော်လိုက်မြို့မ ရဲစခန်းသို့ လွှဲပြောင်း အကြောင်းကြားခဲ့ရာ ရဲစခန်းက ထိုသူအား (ပ) ၇၇ / ၂၀၁၃ ခြေချုပ်နှင့် ခံဝန် ဥပဒေ ပုဒ်မ ၅၁ /(စ) (ဆ) အရ အမှုဖွင့် အရေး ယူဆောင်ရွက် ခဲ့ကြောင်း သိရသည်။

၎င်း ရဲစခန်းမှလည်း ထိုသူအား လာမည့်လ ၉ ရက်နေ့အထိ ချုပ်မိန့် ရီမန်အား မြို့နယ်တရားသူကြီးထံ ဆက်လက် ၍ တောင်းခံ ရယူထားခဲ့ပြီး ထိုသူ၏ နေထိုင်ရပ်တည်မှု အခြေအနေများနှင့်ပတ်သက်၍ ရဲပုံစုံ (၇၁) အရ ကျောက်ဆည်မြို့မ ရဲစ ခန်းသို့ အကြောင်းကြားစာများပေးပို့ထားရှိကြောင်း သိရှိရသည်။

 Monywa Times

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်