Friday, September 20, 2013

ငါးမန်းတွေ အတွက် ဝဋ်ကြွေးခံရသူ

Posted by drmyochit Friday, September 20, 2013, under | No comments


ငါးမန်းတွေ အတွက် ဝဋ်ကြွေးခံရသူပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေ အင်နဲ့အားနဲ့ လုပ်နေကြတဲ့ ခုခေတ်ကြီး ထဲမှာ ဗြိတိသျှ လူမျိုးပန်းချီဆရာမ တစ်ဦးကလည်း အဆန်းထွင် သလိုလုပ်ချလိုက် ပြန်ပါပြီ။ ဟောင်ကောင်မှာ ငါးမန်းတွေ သတ်ဖြတ်နေမှုကို ကာကွယ်ဖို့ သူမက ဆန္ဒပြတဲ့ အနေနဲ့ ငါးမန်း စွယ်ချိတ်ကြီးနဲ့ သူမကိုယ်သူမချိတ် ဆွဲပြခဲ့ပါတယ်။

အဲ့ဒီ ကန့်ကွက်ဆန္ဒပြမှုကို အဏ္ဏဝါပြင်ထိန်းသိမ်း ရေးအုပ်စုဖြစ်တဲ့ ငါးမန်းများ ကယ်တင်ရေး အဖွဲ့က စီစဉ်ခဲ့တာဖြစ်ပါ တယ်။ အဲ့ဒီ ငမန်းကယ်တင်ရေး ဆန္ဒပြပွဲကို Lush Fresh Handmade အလှပြင်ပစ္စည်းလုပ်ငန်းက ထောက်ခံ
အားပေး ခဲ့ပါတယ်။

အဲ့ဒီ လုပ်ငန်းကုမ္ပဏီက ငါးမန်းများ ကာကွယ်ရေး ကမ္ဘာနှင့်အဝန်း လှုပ်ရှား
မှုကို စတင်ပြုလုပ်နေ တာကိုလည်း တွေ့ရပါတယ်။ ပန်းချီ ဆရာမလေးက သူ့အသား အနာခံပြီး ဆန္ဒပြကန့်ကွက် တာဟာဖြင့် ငါးမန်းတွေကိုကယ် တင်နိုင်ဖို့အတွက် လူထုနဲ့ သက်ဆိုင် ရာလုပ်ငန်းရှင်တွေကို ကိုယ်ချင်း စာစိတ်ရှိဖို့ ဖော်ပြရာရောက် ပါတယ်။

Venus News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်