ဆီဒိုးနားဟိုတယ်၏ ၀က်ဘ်ဆိုက် တိုက်ခိုက်ခံရပြီး ဧည့်သည်များ၏ ကိုယ်ရေး အချက်အလက်များ ပေါက်ကြားမှု သတင်းကို မဟုတ်မှန်ကြောင်း ဆီဒိုးနား ဟိုတယ်မှ လုံခြုံရေး အကြီးအကဲ တစ်ဦးက စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။
ထို့ပြင် ဆီဒိုးနား ဟိုတယ်ရှိ အခန်းများတွင် ပြင်ပလူများက Hidden ကင်မရာ တပ်ဆင်ကာ ရိုက်ကူးမှုမှာ ဖြစ်နိုင်ကြောင်း အဆိုပါ ဆီဒိုးနားဟိုတယ် လုံခြုံရေး အကြီးအကဲက ဆက်လက် ပြောကြားသည်။
အင်တာနက် ဖေ့စ်ဘုတ် စာမျက်နှာ အချို့၌ ဆီဒိုးနားဟိုတယ် အခန်းတွင် လျို့ဝှက် ကင်မရာဖြင့် ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းတစ်ခု ပျံ့နှံ့လျက်ရှိကြောင်း၊ ယင်းမှတ်တမ်းတွင် နာမည်ကြီး ပုဂ္ဂိုလ်များ ပါဝင်ပြီး ဟိုတယ်၏ အင်တာနက် ၀က်ဘ်ဆိုက်မှတစ်ဆင့် ခိုးဝင်၍ ရယူသွားသည်ဟု ယူဆရကြောင်းနှင့် လျို့ဝှက်ကင်မရာများ တပ်ဆင်ခဲ့သူမှာ ဟိုတယ်အတွင်းမှ မဟုတ်ဘဲ ပြင်ပမှ လာရောက် တပ်ဆင်သွားခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ဖေ့စ်ဘုတ် စာမျက်နှာ အချို့၌ ဆီဒိုးနားဟိုတယ် အခန်းတွင် လျို့ဝှက် ကင်မရာဖြင့် ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းတစ်ခု ပျံ့နှံ့လျက်ရှိကြောင်း၊ ယင်းမှတ်တမ်းတွင် နာမည်ကြီး ပုဂ္ဂိုလ်များ ပါဝင်ပြီး ဟိုတယ်၏ အင်တာနက် ၀က်ဘ်ဆိုက်မှတစ်ဆင့် ခိုးဝင်၍...
ဆီဒိုးနားဟိုတယ် ၀က်ဘ်ဆိုက် ဖြုတ်ချထားမှုနှင့် ပတ်သက်ပြီး ၎င်းက ''ဆီဒိုးနားရဲ့ ၀က်ဘ်ဆိုက် အဟက်ခံရတယ်။ တိုက်ခိုက်ခံရတယ် ဆိုတဲ့ သတင်းက မဟုတ်ပါဘူး။ www.sedonasmyanmar.com ၀က်ဘ်ဆိုက်က အစကတည်းက ပိတ်ထားတာ ကြာလှပါပြီ။ ကျွန်တော်တို့ရဲ့ ကွန်ပျူတာ စစ်စတမ်ကို ဟက်ပြီး ဗီဒီယိုဖိုင်တွေ ယူသွားတယ် ဆိုတာ မဖြစ်နိုင်ဘူး။ ၀က်ဘ်ဆိုက်နာမည် အသစ်က လောလောဆယ်မှာ အလွတ်မရလို့ပါ။ နာမည်အသစ် ဖွင့်ထားပြီးပါပြီ။ ၀က်ဆိုက်ဘ်ကို ပိတ်ထားတာက Update လုပ်တဲ့အနေနဲ့ ပိတ်လိုက်တာပါ'' ဟု ဆိုသည်။
ဆက်လက်ပြီး ဆီးဒိုးနားဟိုတယ် လုံခြုံရေး အကြီးအကဲကပင် ''ပြင်ပလူက Hidden ကင်မရာတွေနဲ့ အပြင်ကနေလာပြီး ခိုးပြီး တခြားနေရာမှာ တပ်ဆင်သွားတာကတော့ ဖြစ်နိုင်တယ်။ ပြီးတော့ အဲဒီထဲမှာပါတဲ့ ဗီဒီယိုထဲက အခန်းတွေက ကျွန်တော်တို့ဆီက ဟုတ်မဟုတ်ဆိုတာ ဗီဒီယိုကို ကြည့်ပြီးမှ ဆုံးဖြတ်လို့ ရမှာလေ။ အဲဒီဗီဒီယိုကို Download လုပ်တာလည်း မရဘူး'' ဟု ဆိုသည်။
''Hidden ကင်မရာတွေ လာတပ်သွားတယ် ဆိုရင်လည်း လုံခြုံရေးပိုင်း အားနည်းတယ်လို့ ပြောတာ မဆိုင်ပါဘူး။ ဘာဖြစ်လို့လဲဆို အခန်းတစ်ခုကို ငှားလိုက်ရင် အခန်းငှားတဲ့သူက ပိုင်သွားတာလေ။ Privacy အရ သူဘာလုပ်တယ်ဆိုတာ ကျွန်တော်တို့က ကြည့်ခွင့်မရှိဘူး။ အခန်းတွေထဲမှာ ကျွန်တော်တို့က ကင်မရာတွေ တပ်ထားတာလည်း မရှိပါဘူး။ ဒီလိုရေးသားမှုမျိုးဟာ ဘာရည်ရွယ်ချက် လဲဆိုတာ မသိသေးပါဘူး'' ဟု အဆိုပါ လုံခြုံရေး အကြီးအကဲက ထပ်မံပြောကြားသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရန်ကင်းမြို့မ ရဲစခန်းမှ တာဝန်မှူး စိုးမောင်မောင်က ''ကျွန်တော်တို့ဆီမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး လာရောက် အကြောင်းကြားတာ မရှိသေးပါဘူး'' ဟု ပြောကြားခဲ့သည်။
Eleven Media Group
Friday, September 20, 2013
ဆီဒိုးနားဟိုတယ် ၀က်ဘ်ဆိုက် တိုက်ခိုက်ခံရပြီး ဧည့်သည်များ၏ ကိုယ်ရေး အချက်အလက်များ ပေါက်ကြားမှုကို ဆီဒိုးနားဟိုတယ်မှ ငြင်းဆို
Posted by drmyochit
Friday, September 20, 2013, under ပြည်တွင်းသတင်းများ | No comments
Time in Rangoon

0 comments:
Post a Comment